အချစ်ကိုဦးစားပေးခဲ့သူ
A Chit Ko Oo Sar Pay Khe Thu
Si Thu Lwin Key: G#
6 chords in this song
Verse 1
G# ဟိုတုန်းကမတွေ့မိရင် Fm ကိုယ်တို့ဇာတ်လမ်းလေးဟာလေ
D# တစ်မျိုးဖြစ် G# ခဲ့မယ် ဘယ်လောက်ပဲချစ် Fm လည်းကွယ်
C# ဒီလိုအချိန်မှတွေ့မယ်ဆိုရင် D# မပြတ်သားနိုင်တယ်
Chorus
Fm ပြန်စဉ်းစားတိုင်း Cm ကံကိုသာလေ Fm ကြည်နူးခြင်းတစ်ဝက်နဲ့အတူ A#m အံ့ဩမိတယ်
C# ငယ်ရွယ်သူ A#m မို့ အချစ်ဘက်ကို
C# အလေးသာပေး D# လိမ့်မယ် သူသိသ G# လိုပဲ
Verse 2
လူတစ်ဦးတစ်ယောက်တိုင်းမှာ
တစ်ချိန်ချိန်တော့ အချစ်ဆိုတာ ရှိခဲ့ကြတယ်
လူသားတို့ပေါင်းမိရင် ဘာရယ်ကြောင့်
အားနည်းသူကို မုန်းတတ်တာလဲ
ဒီပြောင်းလဲခြင်းနဲ့ရင်ဆိုင်ရာမှာ
ဟိုတုန်းကကြောက်စိတ်တွေ မရှိခဲ့ဘူးကွယ်
ငယ်ရွယ်သူအတွက် အချစ်တစ်ခုသာ ကိုးကွယ်အားထားရာ
ထင်မှတ်ယူမယ်
Verse 3
ကိုယ်လျှောက်ခဲ့တဲ့လမ်းဟာ လိုအင်ဟူသမျှ
ပြည့်စုံတယ် မရှိသလောက်ပဲကွယ်
မျှော်လင့်ချက်နဲ့နှိုင်းရင် ကြုံဆုံနေသမျှ
အဖြစ်တွေဟာကောင်းလွန်းပြန်တယ်
ရည်မှန်းချက်အတွက် ကြင်နာသူကို
တကယ်စွန့်တဲ့ သူရဲကောင်းတွေရှိခဲ့လည်းကွယ်
ငယ်ရွယ်သူမို့ အချစ်ဘက်ကို အလေးသာပေးခဲ့တာ အမှန်ဆုံးပါပဲ
Source: myanmarlyrics