ChordMyanmar

ညဉ့်ငှက်နှင့်လူပျော်တစ်ယောက်

Nya Nya Hnget Hna Nga Loo Pyaw Tit Yauk

Pone Yape

Transpose − -9 + Reset

4 chords in this song

Am
Dm
G
Em

Intro

| Am ___ | Dm ___ | Am _ G _ |

Verse 1

Am မင်းနဲ့ငါနဲ့မတွေ့တာလဲ ခန့်မှန်းကြည့်ရင်

Em သုံးလတောင် ပြည့်လောက်ပြီကွယ်

Am တစ်ခေါင်းလုံးအနီဆိုး မင်းဆံပင်လည်း

အခုများလောက်ဆို‎ ‎ Em ကာလာရောင်စုံ ဆိုးထားလို့ Am နေမယ်

Dm ကားလမ်းမှာ မင်းကိုတွေ့ အချက်ပြရင် မင်းလာတယ်

Am အသပြာ ၇ဝဝဝ မင်းအိတ်ကပ်ကိုထည့်‎ ‎

Dm နီးစပ်ရာတည်းခိုခန်းမှာ စီးကရက်ကိုနမ်းကာရှိုက်လို့

Am မကြင်နာသူကို ခေါင်းအုံးလုပ်လို့လှဲ

ငါ့သူငယ် Dm ချင်းတွေ ဝိုင်းလို့တား မင်းပတ်သတ်တဲ့

Am မိန်းကလေးက ညဉ့်ငှက်လေးတစ်ကောင်ပါ

Dm သူ့အိမ်မှာလဲမအိပ်နိုင်ရှာ တစ်ချို့ညများဆို

Am မီးဖွင့်အိပ်တယ် တစ်ချို့ညများဆိုပိတ်

Chorus 1

Chorus

Dm နင့်မောင်လေးကိုပေးဖို့ G ရာ ကျောင်းစာအုပ်တွေ

မ Am နေ့ညတုန်းက မီးရှို့လိုက်ပြီကွာ

Dm မင်းနေသွားတဲ့ ရပ်ကွက် G ကို

ဟိုးအရင်ကလို စက် Am ဘီးပတ်စီးဖို့ သတ္တိမရှိပါဟာ

Dm ဈေးဘက်လဲ မရောက်ဖြစ် G ပါ ငါးတွေရောင်းတဲ့

Am နင့်သူငယ်ချင်းဆို ငါ့ကိုမေးနေကြ

Dm ဖြစ်လာနိုင်တဲ့ အကြောင်းများ G ကို

ငါ့အနာဂတ်မှာ ‎ Am လက်မခံရဲလို့ အဆက်ဖြတ်လိုက်တာပါ

ငါလူ Dm ကောင်းတစ်ယောက်မဟုတ်တာ ‎ G မင်းလည်းသိမှာ Am ပါ

Solo

| Dm ___ | Am ___ | Dm ____ | Am ___ |

| Dm _ G _ | Am ___ |

Verse 2

Am အားကိုးသူမဲ့ မျက်နှာငယ်

အဖေမရှိတဲ့အပြင် ‎ Em သူ့ရဲ့မိခင်ကအိပ်ယာထဲလဲ

Am မင်းအကြောင်းတွေ ငါ့ကိုပြောစဉ်က

မင်းမျက်ဝန်းမှာ ‎ Em အကြင်နာဆိုတဲ့ နွေးထွေးမှုကို Am ရှာ

Dm ဈေးပေါတဲ့သူရေမွှေး စက်သွေးခဲကိုပါးမှာချ

Am သူသာမပါရင် ညဘက်လေးဟာမလှ

Dm စိုးထိတ်စွာ ရုန်းကန်ရင်း အရိုးဂေါက်ဂက်

သူ့လည်ပင်းမှာ ‎ Am ဝါထိန်နေတဲ့ ဆွဲကြိုးလေးပါဗျာ

မင်းကို Dm တမ်းတမိတယ်လား သတိရမိတဲ့

Am ငါ့ရဲ့စိတ်ကို ငါမေ့ပစ်ချင်တာ‎ ‎ Dm ဟိုးအရင်ပြုံးခဲ့စဉ်က

မင်းရဲ့နှုတ်ခမ်းနီ Am ရဲရဲကြီးကို ငါမုန်းလိုက်တာဟာ

Chorus 2

Chorus

Dm နင့်အမေရောဂါပျောက်ဖို့ G ရာ ငါထည့်ကာပေးတဲ့

Am ဆေးတွေ အဲ့မှာ အသုံးရောတည့်ရဲ့လား

Dm မင်းနေကောင်းလား မေးဖို့ G ရာ

ငါစိတ်လျှော့ပြီးတော့ Am အိပ်နေမိတယ် ဖုန်းလည်းစက်ပိတ်ထား

Dm နင့်ရဲ့မျက်ရည်စက်တစ်ပေါက် G ဟာ ငါ့ရဲ့အသည်းမှာ

Am စွန်းထင်ခဲ့ပြီ တိုးတိုးတိတ်တိတ်ခါး ခါးခါး

Dm ဖြစ်လာနိုင်တဲ့ အကြောင်းများ G ကို ငါ့အနာဂတ်မှာ

Am လက်မခံရဲလို့ အဆက်ဖြတ်လိုက်တာပါ

ငါလူ Dm ကောင်းတစ်ယောက်မဟုတ်တာ ‎ G မင်းလည်းသိမှာ Am ပါ

ငါလူ Dm ကောင်းတစ်ယောက်မဟုတ်တာ ‎ G မင်းလည်းသိမှာ Am ပါ...

\ FINE \

More from Pone Yape