ညဉ့်ငှက်နှင့်လူပျော်တစ်ယောက်
Nya Nya Hnget Hna Nga Loo Pyaw Tit Yauk
4 chords in this song
Intro
| Abm ___ | Dbm ___ | Abm _ Gb _ |
Verse 1
Abm မင်းနဲ့ငါနဲ့မတွေ့တာလဲ ခန့်မှန်းကြည့်ရင်
Ebm သုံးလတောင် ပြည့်လောက်ပြီကွယ်
Abm တစ်ခေါင်းလုံးအနီဆိုး မင်းဆံပင်လည်း
အခုများလောက်ဆို Ebm ကာလာရောင်စုံ ဆိုးထားလို့ Abm နေမယ်
Dbm ကားလမ်းမှာ မင်းကိုတွေ့ အချက်ပြရင် မင်းလာတယ်
Abm အသပြာ ၇ဝဝဝ မင်းအိတ်ကပ်ကိုထည့်
Dbm နီးစပ်ရာတည်းခိုခန်းမှာ စီးကရက်ကိုနမ်းကာရှိုက်လို့
Abm မကြင်နာသူကို ခေါင်းအုံးလုပ်လို့လှဲ
ငါ့သူငယ် Dbm ချင်းတွေ ဝိုင်းလို့တား မင်းပတ်သတ်တဲ့
Abm မိန်းကလေးက ညဉ့်ငှက်လေးတစ်ကောင်ပါ
Dbm သူ့အိမ်မှာလဲမအိပ်နိုင်ရှာ တစ်ချို့ညများဆို
Abm မီးဖွင့်အိပ်တယ် တစ်ချို့ညများဆိုပိတ်
Chorus 1
Chorus
Dbm နင့်မောင်လေးကိုပေးဖို့ Gb ရာ ကျောင်းစာအုပ်တွေ
မ Abm နေ့ညတုန်းက မီးရှို့လိုက်ပြီကွာ
Dbm မင်းနေသွားတဲ့ ရပ်ကွက် Gb ကို
ဟိုးအရင်ကလို စက် Abm ဘီးပတ်စီးဖို့ သတ္တိမရှိပါဟာ
Dbm ဈေးဘက်လဲ မရောက်ဖြစ် Gb ပါ ငါးတွေရောင်းတဲ့
Abm နင့်သူငယ်ချင်းဆို ငါ့ကိုမေးနေကြ
Dbm ဖြစ်လာနိုင်တဲ့ အကြောင်းများ Gb ကို
ငါ့အနာဂတ်မှာ Abm လက်မခံရဲလို့ အဆက်ဖြတ်လိုက်တာပါ
ငါလူ Dbm ကောင်းတစ်ယောက်မဟုတ်တာ Gb မင်းလည်းသိမှာ Abm ပါ
Solo
| Dbm ___ | Abm ___ | Dbm ____ | Abm ___ |
| Dbm _ Gb _ | Abm ___ |
Verse 2
Abm အားကိုးသူမဲ့ မျက်နှာငယ်
အဖေမရှိတဲ့အပြင် Ebm သူ့ရဲ့မိခင်ကအိပ်ယာထဲလဲ
Abm မင်းအကြောင်းတွေ ငါ့ကိုပြောစဉ်က
မင်းမျက်ဝန်းမှာ Ebm အကြင်နာဆိုတဲ့ နွေးထွေးမှုကို Abm ရှာ
Dbm ဈေးပေါတဲ့သူရေမွှေး စက်သွေးခဲကိုပါးမှာချ
Abm သူသာမပါရင် ညဘက်လေးဟာမလှ
Dbm စိုးထိတ်စွာ ရုန်းကန်ရင်း အရိုးဂေါက်ဂက်
သူ့လည်ပင်းမှာ Abm ဝါထိန်နေတဲ့ ဆွဲကြိုးလေးပါဗျာ
မင်းကို Dbm တမ်းတမိတယ်လား သတိရမိတဲ့
Abm ငါ့ရဲ့စိတ်ကို ငါမေ့ပစ်ချင်တာ Dbm ဟိုးအရင်ပြုံးခဲ့စဉ်က
မင်းရဲ့နှုတ်ခမ်းနီ Abm ရဲရဲကြီးကို ငါမုန်းလိုက်တာဟာ
Chorus 2
Chorus
Dbm နင့်အမေရောဂါပျောက်ဖို့ Gb ရာ ငါထည့်ကာပေးတဲ့
Abm ဆေးတွေ အဲ့မှာ အသုံးရောတည့်ရဲ့လား
Dbm မင်းနေကောင်းလား မေးဖို့ Gb ရာ
ငါစိတ်လျှော့ပြီးတော့ Abm အိပ်နေမိတယ် ဖုန်းလည်းစက်ပိတ်ထား
Dbm နင့်ရဲ့မျက်ရည်စက်တစ်ပေါက် Gb ဟာ ငါ့ရဲ့အသည်းမှာ
Abm စွန်းထင်ခဲ့ပြီ တိုးတိုးတိတ်တိတ်ခါး ခါးခါး
Dbm ဖြစ်လာနိုင်တဲ့ အကြောင်းများ Gb ကို ငါ့အနာဂတ်မှာ
Abm လက်မခံရဲလို့ အဆက်ဖြတ်လိုက်တာပါ
ငါလူ Dbm ကောင်းတစ်ယောက်မဟုတ်တာ Gb မင်းလည်းသိမှာ Abm ပါ
ငါလူ Dbm ကောင်းတစ်ယောက်မဟုတ်တာ Gb မင်းလည်းသိမှာ Abm ပါ...
\ FINE \