ChordMyanmar

Unforgettable (ဘယ်လိုမေ့လို့ရမှာလဲ)

ကျားပေါက်

Transpose − -2 + Reset

5 chords in this song

Dm
Gm
Bb
C
A

Intro

:|| Dm ___ | Gm ___ | Dm ___ | Bb _ C _ ||:

Verse 1

Dm မင်းထင်သလောက် ငါ့သိက္ခာမ Gm ဆင်းရဲ

Dm ငါ့ခြေနဲ့ငါ လှည့်ထွက် Gm သွားမယ်

Dm အတိတ်တွေလား လူကိုသတ်နေ Gm ဆဲပဲ

Dm ငါ့ခြေနဲ့ ငါရပ်တည် C သွားမယ်

Chorus 1

Bb ဒီအပေါစားမေးခွန်းများနဲ့  C ငါ့ရင်ကို

မင်းလည်း အပြုံးတုများနဲ့  Bb ဆီးလို့ကြို

ဒါဆို ကြယ်တွေကြွေသော  C ညတွေကို

အကောင်းဆုံးည အသွင် Bb ပြောင်းမယ်ဆို

မင်းလေးပေးခဲ့ဖူးတဲ့  C အနမ်းတွေကို

သိမ်းဆည်းလိုက်ပါ  Bb ငါ့အတွက်အပို

ငါယုံကြည်နေခဲ့သော  C နေ့တွေကို

မင်း A မေ့လို့ ရနိုင်ခဲ့ Dm ပြီ

Music

:|| Dm ___ | Gm ___ | Dm ___ | Bb _ C _ ||:

Verse 2

Dm မင်းမြင်သလောက် ငါ့ညတွေ Gm အလင်းမမဲ့

Dm ငါ့အိပ်မက်နေ့တွေ ခြောက်ကပ် Gm လွန်းလဲ

Dm အတိတ်တွေလား လူကိုသတ်နေ Gm ဆဲပဲ

Dm ငါ့ရင်ထဲမှာ မင်းဟာ C အကြွင်းမဲ့

Chorus 2

Bb တစ်နေ့နေ့ မင်းရဲ့ရှေ့သို့ C ရောက်နိုင်ရင်

မင်းလည်း အပြုံးတုများနဲ့  Bb ဆီးလို့ကြို

ဒါဆိုကြယ်တွေကြွေသော  C ညတွေကို

အကောင်းဆုံးည အသွင် Bb ပြောင်းမယ်ဆို

မင်းလေးပေးခဲ့ဖူးတဲ့  C အနမ်းတွေလို

သိမ်းဆည်းလိုက်ပါ  Bb ငါ့အတွက်အပို

ငါယုံကြည်နေခဲ့သော  C နေ့တွေကို

ဘယ်လို မေ့လို့ရနိုင် Dm မလဲ

Bridge

ယုံကြည် Bb သူ ယုံလွယ် C သူ

Dm လမ်းဆက် C လျှောက်နေ Bb မယ့်အတူ

Gm လောကကြီးထဲမှာ ငါ A ပြည့်စုံပြီးသားပါ

မင်းနဲ့ အပြုံး Dm လည်းအတူ

Rap

Dm ဘယ်လိုနေသလဲ အရသာရှိသလား And the next time

ငါ့ရပ်ကွက် Gm ထဲလာပြီး ဂလယ်အူကြောင်လုပ်ရင် ဂွစာမိမှာ

80s က Dm အာဝါဒီးအထာ အနာဆာရှိသယောင်နဲ့

ဂျပန်ကဂေါ်ဇီလာလို ‎ Bb စကားက ကြီးထွား

ငါ့ဝိုင်းမှာ ‎ C မင်းသိပ်ပြီးမှုတ်ချင်ရင်တောင်မှ‎ ‎ Dm ဘာဂျာမရှိပါ

မင်းလုပ်ခဲ့တာ မင်းပြန်ကြည့် အခွံခွာလိုက်တော့ အတွင်း Gm ဆံမရှိ

သူများတွေ ဒေါင်‌ဒေါင်မြည်ချိန်မှာ မင်းတစ်ယောက်ပဲ နင်း Dm ကန်ဂိ

R ကြီးလို စည်းတစ်ဖက်ခြား မင်းအသိပညာ ဘုရားလောက်ကြီးမြတ်သလား

Bb သီချင်းပဲမဆိုနဲ့ မင်းနှလုံးသား C ထဲမှာ မရှိတာ မီးခွက်များ

Dm တကယ်တမ်း ပုံပန်းမလာလောက်မှန်း အိမ်ထိလာ

စုံစမ်းကာထောက် Gm လှမ်း ခြောက်သွေ့ရာအရပ်မှာ

တစ်ယောက်ထဲ ကုန်ခမ်းကာလောင်ကျွမ်း

ဘယ်လောက်တောင် ‎ Dm ကြိတ်ပြီးမုန်းနေသလဲ

မင်းအိပ်ရာထတိုင်း အုန်းတွေလွဲ

မင်းနှလုံးသား Bb ထဲက ဒုက္ခသည်စခန်းကို‎ ‎ C အစ္စရေးလို ဗုန်းတွေကြဲ

Dm အချိုးမကျပြီး Fu တယ် သူများ Slang တွေခိုးချပြီးယူ

ကိုးကား Gm သည်မူ ငါပြောပြီးသား ဆင်တူရိုးမှား သတိပြု

You done ‎ Dm slip, fool? Come get it

ခေတ်ကိုက Media သုံး Bb ပြီး သူခိုးကလူပြန် C ဟစ်

ငါတစ်ခါပေါက်ကွဲပြီး ဆဲထည့် Dm လိုက်တာ စမ်းချောင်းအိမ်တောင် တုန်သွားတယ်

ကလေးဘဝက ယုံထားခဲ့သမျှ ‎ Gm အရာတွေအားလုံး England မိုးတွင်းလို မှုန်ဝါးခဲ့

မင်းလည်းငယ်တော့ Dm တာ မဟုတ်ပဲ အဲ့ဒီလောက်တောင် မနုံအနဲ့

ငါ့လိုလူရှိရင် Bb ပတ်ပြီးရှာကြည့်လိုက် ထမင်းထုပ်ပါ ကုန် C သွားမယ်

Source: studiomaj7

More from ကျားပေါက်