ChordMyanmar

Unforgettable (ဘယ်လိုမေ့လို့ရမှာလဲ)

ကျားပေါက်

Transpose − 0 +

5 chords in this song

Em
Am
C
D
B

Intro

:|| Em ___ | Am ___ | Em ___ | C _ D _ ||:

Verse 1

Em မင်းထင်သလောက် ငါ့သိက္ခာမ Am ဆင်းရဲ

Em ငါ့ခြေနဲ့ငါ လှည့်ထွက် Am သွားမယ်

Em အတိတ်တွေလား လူကိုသတ်နေ Am ဆဲပဲ

Em ငါ့ခြေနဲ့ ငါရပ်တည် D သွားမယ်

Chorus 1

C ဒီအပေါစားမေးခွန်းများနဲ့  D ငါ့ရင်ကို

မင်းလည်း အပြုံးတုများနဲ့  C ဆီးလို့ကြို

ဒါဆို ကြယ်တွေကြွေသော  D ညတွေကို

အကောင်းဆုံးည အသွင် C ပြောင်းမယ်ဆို

မင်းလေးပေးခဲ့ဖူးတဲ့  D အနမ်းတွေကို

သိမ်းဆည်းလိုက်ပါ  C ငါ့အတွက်အပို

ငါယုံကြည်နေခဲ့သော  D နေ့တွေကို

မင်း B မေ့လို့ ရနိုင်ခဲ့ Em ပြီ

Music

:|| Em ___ | Am ___ | Em ___ | C _ D _ ||:

Verse 2

Em မင်းမြင်သလောက် ငါ့ညတွေ Am အလင်းမမဲ့

Em ငါ့အိပ်မက်နေ့တွေ ခြောက်ကပ် Am လွန်းလဲ

Em အတိတ်တွေလား လူကိုသတ်နေ Am ဆဲပဲ

Em ငါ့ရင်ထဲမှာ မင်းဟာ D အကြွင်းမဲ့

Chorus 2

C တစ်နေ့နေ့ မင်းရဲ့ရှေ့သို့ D ရောက်နိုင်ရင်

မင်းလည်း အပြုံးတုများနဲ့  C ဆီးလို့ကြို

ဒါဆိုကြယ်တွေကြွေသော  D ညတွေကို

အကောင်းဆုံးည အသွင် C ပြောင်းမယ်ဆို

မင်းလေးပေးခဲ့ဖူးတဲ့  D အနမ်းတွေလို

သိမ်းဆည်းလိုက်ပါ  C ငါ့အတွက်အပို

ငါယုံကြည်နေခဲ့သော  D နေ့တွေကို

ဘယ်လို မေ့လို့ရနိုင် Em မလဲ

Bridge

ယုံကြည် C သူ ယုံလွယ် D သူ

Em လမ်းဆက် D လျှောက်နေ C မယ့်အတူ

Am လောကကြီးထဲမှာ ငါ B ပြည့်စုံပြီးသားပါ

မင်းနဲ့ အပြုံး Em လည်းအတူ

Rap

Em ဘယ်လိုနေသလဲ အရသာရှိသလား And the next time

ငါ့ရပ်ကွက် Am ထဲလာပြီး ဂလယ်အူကြောင်လုပ်ရင် ဂွစာမိမှာ

80s က Em အာဝါဒီးအထာ အနာဆာရှိသယောင်နဲ့

ဂျပန်ကဂေါ်ဇီလာလို ‎ C စကားက ကြီးထွား

ငါ့ဝိုင်းမှာ ‎ D မင်းသိပ်ပြီးမှုတ်ချင်ရင်တောင်မှ‎ ‎ Em ဘာဂျာမရှိပါ

မင်းလုပ်ခဲ့တာ မင်းပြန်ကြည့် အခွံခွာလိုက်တော့ အတွင်း Am ဆံမရှိ

သူများတွေ ဒေါင်‌ဒေါင်မြည်ချိန်မှာ မင်းတစ်ယောက်ပဲ နင်း Em ကန်ဂိ

R ကြီးလို စည်းတစ်ဖက်ခြား မင်းအသိပညာ ဘုရားလောက်ကြီးမြတ်သလား

C သီချင်းပဲမဆိုနဲ့ မင်းနှလုံးသား D ထဲမှာ မရှိတာ မီးခွက်များ

Em တကယ်တမ်း ပုံပန်းမလာလောက်မှန်း အိမ်ထိလာ

စုံစမ်းကာထောက် Am လှမ်း ခြောက်သွေ့ရာအရပ်မှာ

တစ်ယောက်ထဲ ကုန်ခမ်းကာလောင်ကျွမ်း

ဘယ်လောက်တောင် ‎ Em ကြိတ်ပြီးမုန်းနေသလဲ

မင်းအိပ်ရာထတိုင်း အုန်းတွေလွဲ

မင်းနှလုံးသား C ထဲက ဒုက္ခသည်စခန်းကို‎ ‎ D အစ္စရေးလို ဗုန်းတွေကြဲ

Em အချိုးမကျပြီး Fu တယ် သူများ Slang တွေခိုးချပြီးယူ

ကိုးကား Am သည်မူ ငါပြောပြီးသား ဆင်တူရိုးမှား သတိပြု

You done ‎ Em slip, fool? Come get it

ခေတ်ကိုက Media သုံး C ပြီး သူခိုးကလူပြန် D ဟစ်

ငါတစ်ခါပေါက်ကွဲပြီး ဆဲထည့် Em လိုက်တာ စမ်းချောင်းအိမ်တောင် တုန်သွားတယ်

ကလေးဘဝက ယုံထားခဲ့သမျှ ‎ Am အရာတွေအားလုံး England မိုးတွင်းလို မှုန်ဝါးခဲ့

မင်းလည်းငယ်တော့ Em တာ မဟုတ်ပဲ အဲ့ဒီလောက်တောင် မနုံအနဲ့

ငါ့လိုလူရှိရင် C ပတ်ပြီးရှာကြည့်လိုက် ထမင်းထုပ်ပါ ကုန် D သွားမယ်

Source: studiomaj7

More from ကျားပေါက်