ရွက်လှေ
Ywet Hlay
G Fatt Key: Gb
3 chords in this song
Intro
| Gbmaj7 _ Ab _ | Bbm ___ | Gbmaj7 _ Ab _ | Bbm ___ |
Rap 1 [ Round Chords as Intro ]
ပစ္စုပ္ပန်တွေက အတိတ်တွေဖြစ်သွားလည်း အတိတ်ဟာ ကံပါပဲ
အဲ့ကံတွေကြောင့် တန်ပြန်လာမယ့် အရိပ်ဟာ သံသရာလည်
အိပ်စရာဝရံတာရဲ့ ဘေးကလူ စိတ်အနာဒဏ်ရာနဲ့
ညီမလေးတို့မင်္ဂလာပွဲ အစ်ကို့အတွက် ဖိတ်စာမချန်ပါနဲ့
မိဘချင်း ချိတ်တာဆိုပြီး ခေါင်းတွေညိတ်ကာ ခံလာခဲ့
တန်ရာတန်ရာတဲ့ ဟုတ်လား အေး နင်မှန်ပါတယ်
ဘိသိက်ဆရာရဲ့ဘေးက နင့်ရဲ့ကောင် ပြိတ္တာခန္ဓာနဲ့
သစ္စာဖောက်တာလား ညီမလေး (အစ်ကိုက သိပ်ကဗျာဆန်တာပဲ)
နင့်ဘက်ကကြည့်တော့ ငွေတစ်မျက်နှာစာ အဲ့တော့ လမ်းခွဲလိုက်
နင့်တစ်မျိုးလုံး ကျေနပ်မှာပါ ပြီးမှ ရေစက်ပါတာ မပါတာ မပြောနဲ့
ငါ့ရဲ့အချစ်က နေစကြာဝဠာ တစ်ခုစာလောက် အရေအတွက် ပမာဏ
နားလည်လား အဆင့်အတန်းတွေ ကွာဟတဲ့အခါ
အချစ်ကို မြင်နိုင်ဖို့ မျက်နှာဖုံးလေးတွေ ခွာချခဲ့ပါ
ဘဝက ငါရေးဖူးတဲ့ သီချင်ထဲကလို နာရတဲ့ကဗျာ
သူဋ္ဌေးသမီးနဲ့ဆင်းရဲသား ညားတယ်ဆိုတာ မြန်မာကားထဲမှာ
Chorus
Chorus
Gbmaj7 ကံပါသလောက် ချစ် Ab ခဲ့ပြီးပြီ Bbm ပဲ
မဆုံနိုင်မှ နင်ဘာတွေကြောင့်မို့ ရန်တွေ Gbmaj7 ဖွဲ့
နင်မယုံကြည်လည်း ဖူး Ab စာဟာ ဆန်း Bbm ကြယ်
ပင်လယ်တစ်စင်းရဲ့ ရွက်လှေ Gbmaj7 ငယ်
ဒီဆိပ် Ab ကမ်းမှာ ခိုနားဖို့ ဘယ် Bbm နတ်ဘုရားတို့ စီမံထား Gbmaj7 လဲ
ငါဟာ လေ Ab နှင်ရာပါ Bbm ပဲ ငါဟာ လေနှင်ရာအတိုင်း မျောခဲ့
Rap 2 [ Round Chords as Intro ]
ရမလားဆိုပြီး ငါ့သိက္ခာလေးကို လာလာထိချင်
မြေနိမ့်ရာဘက်ကို လှံကလေးနဲ့ နာနာဖိချင်
ဂုဏ်ငွေအာဏာ ပါဝါမရှိရင် မျက်နှာချင်းဆိုင်ပြီးတောင်
ကြာကြာမကြည့်ချင်ဘူးဆိုတဲ့ နင့်ရဲ့မာတာမိခင်
အတ္တတွေမကြီးပါနဲ့ အန်တီ သေခါနီးအချိန်ခဏလေး
မှောင်နေတဲ့ ကိုယ့်ဘဝကို အလင်းရောင်ပေးနိုင်မယ့် မီးအိမ်ရှာဖွေ
အန်တီ့ရဲ့ သမီးအလိမ္မာလေးကို သုံးပြီး အသပြာလေးတွေရှာ
အန်တီ့သား အလှည့်ကျ ဝဋ်မလည်ဖို့အတွက် ယတြာလေးချေထား
သတို့သမီးအရံ လုပ်မယ်ပြောတဲ့ နင့်ရဲ့ဘော်ဒါလေးတချို့
အပြောင်းအလဲမြန်ချက်က မှန်းရခက်တဲ့ ဒေါ်လာစျေးလို
အစ်ကိုတို့နှစ်ယောက်က ညားမှာ ရုပ်ချင်း အသေဆင်တယ်
ပြောခဲ့တဲ့ ပါးစပ်လေးတွေကို မြောင်းရေနဲ့ ပါးလုတ်ကျင်းစေချင်တယ်
ဟန်းနီးမွန်းက Over Sea လား
ငါတို့အတူသွားချင်ခဲ့တဲ့ နေရာလေးဆိုတာ သိရတော့ ပိုနာကျည်းရ
မျက်လုံးထဲက တိမ်တွေ ပါးပြင်ပေါ်ကို ပြိုကာပိကျ
ဟေ့ ဒီမှာ မိုနာလီဇာ ငါမင်းရဲ့ Joker ကြီးပါ
Chorus
Chorus
Gbmaj7 ကံပါသလောက် ချစ် Ab ခဲ့ပြီးပြီ Bbm ပဲ
မဆုံနိုင်မှ နင်ဘာတွေကြောင့်မို့ ရန်တွေ Gbmaj7 ဖွဲ့
နင်မယုံကြည်လည်း ဖူး Ab စာဟာ ဆန်း Bbm ကြယ်
ပင်လယ်တစ်စင်းရဲ့ ရွက်လှေ Gbmaj7 ငယ်
ဒီဆိပ် Ab ကမ်းမှာ ခိုနားဖို့ ဘယ် Bbm နတ်ဘုရားတို့ စီမံထား Gbmaj7 လဲ
ငါဟာ လေ Ab နှင်ရာပါ Bbm ပဲ ငါဟာ လေနှင်ရာအတိုင်း မျောခဲ့
Bridge [ Round Chords as Intro ]
အဲ့ငွေစက္ကူလေးတွေနောက် နင်တကောက်ကောက် လိုက်ပါသွားတဲ့နောက်
မစားနိုင် မသောက်နိုင် ငါ့မှာ နေ့တွေညတွေလည်းပျောက်
ဘာမီတွန်တွေပါသောက် အိပ်တော့လည်း စိတ်ကစွဲပြီး နင့်မင်္ဂလာပွဲရောက်
ရေခဲမုန့်လေး သူနင့်ကို ခွံ့ကျွေးတော့ ငါ့မှာ တစ်ဖက်သတ် စိတ်တွေကောက်
Ending
| Gbmaj7 _ Ab _ | Bbm ___ | Gbmaj7 _ Ab _ | Bbm ___ |