ChordMyanmar

သမုဒယနဲ့ချည်တဲ့နွယ်

Tha Mu Da Ya Nae Chi Tae Nwe

G Fatt Key: D

Transpose − +8 + Reset

4 chords in this song

D
F#m
Bm
G

Recommended Playing Position

Key - D

Capo - 4th Fret

Intro

| D ___ | F#m ___ | Bm ___ | G ___ |

Verse 1

ဘဒ္ဒ D ကမ္ဘာကြီးထဲ လူလာဖြစ်တဲ့ တဒင်္ဂ ခဏတာလေးမှာ

စကြ F#m ဝဠာကြီးနဲ့သာယှဥ် ကိုယ်တို့ဟာ မထင်မရှား ဘဝပါလေ

တစ်သက်တာ Bm ဘဝခရီးထဲ မင်းဖြတ်သန်းလို့ သင်ကြားသမျှ အရာတွေမှာ

G ဒုက္ခနဲ့တွေ့ရင် ရင်ဆိုင်ဖို့အတွက် အင်အားမျှပါစေ

ဟိုးမှာ D ကြည့်စမ်းကွယ် ပန်းပွင့်လေးတွေ ဝင့်ကြွားလှပနေ

ညှိုးငယ် F#m ချိန်ရောက်တော့ အပင်အဖျားအနားက ကြွေ

ကိုယ်တို့ဟာ သေမင်းလက်မှာ Bm ဝပ်တွားရမှာ မသွေ ကိုယ်သာအရင် သွားရပါစေ

ကိုယ် G မရှိတော့တဲ့ ကမ္ဘာထဲမှာ မင်းဟာကျင့်သားရပါစေ

Verse 1

D ကိုယ်ဟာ လွင်ပြင်ကျယ်တွေကို ကျော်လွန်ခဲ့ပြီးနောက်

ပင်လယ်ကိုဖြတ်ပျံလို့ သမုဒ္ဒရာထဲ‎ ‎ F#m လေနီကြမ်းတွေဆိုး

မုန်တိုင်းကိုတိုးမိတော့ ကိုယ့်အတောင်ပံတွေဟာ စုတ်ဖွာကြဲ

Bm ခေါင်းကိုငုံ့ကာလွှဲ တောင်းပန်တိုးလျှိုးရတယ်

မလုပ်ပါနဲ့လို့ ကမ္ဘာမြေရေ ဒါဘယ်လို ဒုက္ခငရဲ

ဒီကြယ်ဟာ G အမှောင်ယံတွေထဲ ပြုတ်ကျခဲ့တဲ့ ဥက္ကာခဲ

D အားလုံးဟာမုန်းလောက်ပါပြီ သိက္ခာတွေ ကုန်းကောက်စရာမရှိ

ပုခုံးညောင်းစရာ F#m ခရီးက အရာရာကို လွှတ်ချခဲ့ပြီးနောက်

ကိုယ်ပိုင်ဆိုင်တာဆိုလို့လည်း အရှုံးပေါင်းရာချီ

Bm သေရာပါ Trauma တွေ ဦးနှောက်မှာငြိ ဝါးလုံးခေါင်းရှာပြီး

သာရတဲ့ လတစ်စင်းဟာ ‎ G April နေ့ရက်တွေထဲက

ပြေးထွက်လာပြီးနောက် မင်းရင်ခွင်ကလွဲပြီးလည်း ပုန်းအောင်းစရာမရှိ

Verse 2

D လူတွေဟာ ဘယ်လိုများလဲ အချစ်ရယ်လို့ မင်းဆီမှာ ခေါင်းထိုးပြီး ငိုရတဲ့အဖြစ်ရယ်

F#m ကိုယ်တည်ဆောက်ခဲ့သမျှ ကိုယ်ပြန်ဖြိုချခဲ့ပစ်မယ် ကိုယ့်အမြီးကိုယ်ပြန်ပြီး မြိုရတဲ့ခေတ်ထဲမှာ

Bm မင်းကိုပြန်ရခဲ့တာ ဒါဘုရားသခင်ရဲ့ တစ်ခုတည်းသော သနားကြင်နာမှုပဲ

G အခြား တစ်ပါးသူလက်ထဲတော့ မထားချင်ပါဘူးရယ် ဒါကြောင့်ပဲ ကိုယ်ဟာ ကြားဝင်ကာလုခဲ့တယ်

D ကိုယ့်မှာက မင်းပဲရှိတာ သူတို့မှာက ရွေးချယ်စရာတွေ အများကြီးပဲနေမှာ

F#m သံယောဇဥ်တွေ ထားမိခဲ့လေသမျှ ပြန်စွန့်လွှတ်ဖို့ဆိုတာလည်း အားမရှိတဲ့ အနေအထားပါ

Bm ဝါး ဓနိနဲ့ နေရ နေရ ချစ်ခြင်းမေတ္တာကိုတော့ မင်းဆီကလွဲ တစ်ခြားနည်းနဲ့ မဖွေရှာ

G မျက်ရည်မိုးတွေဟာ အတားအဆီးမဲ့ကြွေကျလာ အဲ့လို ကိုယ်တို့ရဲ့ ခါးသီးတဲ့နေ့များမှာ

D ကမ္ဘာ့ရဲ့ အမှောင်ခြမ်းရောက်ရင်တောင် မင်းလှမ်းငေးတိုင်း မြင်ဖို့ လောင်ကျွမ်းပြနေမယ်

F#m ဘယ်သူ့ကို အချစ်ခဲ့ဆုံးလဲ အချစ်ခဲ့ဆုံးလဲ မေးတိုင်း မင်းနာမည်ပဲအခုထိ ကယောင်ကတမ်း ထဖြေတယ်

Bm မိတ္ထီလာ ကလောနဲ့ အောင်ပန်းကနေ ညောင်ရွှေမြို့တစ်ဝိုက်က တောင်တန်းအလှတွေပေါ်

G မင်းလက်တွဲပြီး နောက်တစ်ခေါက် ရှောင်စမ်းပါရစေ ကိုယ်တို့အတူနင်းဖူးတဲ့ ထောင်နှုတ်ခမ်းဝတွေ

Chorus

Chorus

D ကိုယ်ဟာနောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီး F#m အလယ်

ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိ Bm လည်း

ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတကရှိမြဲ G ရယ် ဒါသမုဒယနဲ့ချည်တဲ့နွယ်

D ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ

F#m ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိ Bm တယ်

ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့် G ထဲ

မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ D ကွယ်...

ရူးရချည် F#m ရဲ့...ရူးရချည်ရဲ့.. Bm ကွယ်... G

Rap

D မြစ်တစ်ဖက်ကမ်းမြို့ကနေ ထိုင်ပြီးတွေးခဲ့မိ ဒီအိမ်ပြန်လမ်းတွေဟာ ဘယ်လောက်မိုင်ခရီးဝေးမလဲ မသိ

F#m ဘယ်သူနဲ့မှယှဥ်ပြိုင်ပြီး မရွေးနဲ့နော် တစ်ခုခုဆို ဘဲကြီးမှာ ကွိုင်သီးလေးပဲရှိတာ

Bm ကြောက်စိတ်တွေဟာ အလွန်အကဲပါ အချစ်ရေ ဒီလူဟာ အတိတ်တွေရဲ့နွံထဲမှာ နစ်နေ

G ဘာကိုမှ မကျွံရဲစရာ နှစ်တွေမှာ မင်းရှိလို့ ပျော်စရာတွေ ဒွန်တွဲကာ ရစ်ခွေ

D နောင်တတွေရမှာ အတပ်သိရဲ့သားနဲ့ ဘူတာမှားပြီး သွားရပ်မိတဲ့ ရထားငယ်

F#m အခက်အခဲတွေကြုံလာတော့ သတ္တိတကယ် အားနည်း

မင်းမရှိတော့ လူတွေအလယ်မှာ မျက်စိသူငယ် နားသူငယ်

Bm တိုက်ခန်းလေးတစ်ခုထဲမှာ မနက်ထိလည်း က တယ်

ငါတို့တောင်ပေါ်ရွာလေးတွေကိုလည်း ပတ်ကြည့်ခဲ့ကြတယ်

G အထီးကျန်လွန်းတဲ့ မင်းအတွက် အဖေါ်ဆိုပြီး ခွေးလေးတစ်ကောင်ပေးခဲ့တာရော မှတ်မိရဲ့မလားကွယ်

D ဘဝတွေမပျက်သွားအောင် အဖက်ဖက်ကကြပ်တည်းတဲ့ကြားက ကိုယ်ဟာ တည်ထောင်နေရတော့

F#m တခါတလေလည်း ကိုယ့်သံသယတွေဟာ မုန်တိုင်းတစ်ခုလို အနီရောင်အနေအထားကျော်

Bm ဒီသံယောဇဥ် ဒီမေတ္တာတွေဟာ ဒီကမ္ဘာမြေအဆုံးထိကို ချည်နှောင်စေသားပေါ့

G ငါတို့အသက်တွေ မမှီအောင် ရှည်လျားသော သံသရာထဲမှာ ဘယ်ဘဝရောက်ရောက် ငါ့အနားလာ ဂဂျီဂဂျောင်တွေကျ နော်

D ဒါဟာ ငါမင်းကိုချစ်ခဲ့သမျှ ငါ့ဘဝတစ်လျှောက်လုံးစာ ဖွက်ထားသမျှတွေပဲ

F#m မင်းသိတဲ့အတိုင်းပဲပေါ့ G Fattဟာ ရင်ဘတ်ကမပါပဲ ပါးစပ်ဖျားကနေမကြွယ်

Bm နောက်ဆုံးတစ်နေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကို ပြတ်သားရလေမယ်

G ငါမင်းကို စိတ်ချလက်ချလို့ ဒီကမ္ဘာကြီးထဲကနေ ထွက်သွားပါရစေကွယ်

Bridge

( မင်းအတွက်အလှဆုံး ‎ D သီချင်းလေးတစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ်

မိုးကုတ် F#m စက်ဝိုင်းထိ တိမ်များသိသလို ကြယ်များသိစေကွယ်

မင်းအတွက် Bm အလှဆုံး သီချင်းလေးတစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ်

ဆောင်းခို G ငှက်များလည်း ဒီချစ်ခြင်းတရားကို ခံစားမိလေမယ် ) x2

Music

:|| D ___ | F#m ___ | Bm ___ | G ___ ||:

Chorus

Chorus

D ကိုယ်ဟာနောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီး F#m အလယ်

ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိ Bm လည်း

ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတကရှိမြဲ G ရယ် ဒါသမုဒယနဲ့ချည်တဲ့နွယ်

D ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ

F#m ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိ Bm တယ်

ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့် G ထဲ

မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ D ကွယ်...

ကိုယ်တကယ် ရူးရချည် F#m ရဲ့...ကိုယ်ဟာ ရူးရချည်ရဲ့ Bm ကွယ်... G

‎

\ FINE \

More from G Fatt