ChordMyanmar

သမုဒယနဲ့ချည်တဲ့နွယ်

Tha Mu Da Ya Nae Chi Tae Nwe

G Fatt Key: Gb

Transpose − 0 +

4 chords in this song

Gb
Bbm
Ebm
B

Recommended Playing Position

Key - D

Capo - 4th Fret

Intro

| Gb ___ | Bbm ___ | Ebm ___ | B ___ |

Verse 1

ဘဒ္ဒ Gb ကမ္ဘာကြီးထဲ လူလာဖြစ်တဲ့ တဒင်္ဂ ခဏတာလေးမှာ

စကြ Bbm ဝဠာကြီးနဲ့သာယှဥ် ကိုယ်တို့ဟာ မထင်မရှား ဘဝပါလေ

တစ်သက်တာ Ebm ဘဝခရီးထဲ မင်းဖြတ်သန်းလို့ သင်ကြားသမျှ အရာတွေမှာ

B ဒုက္ခနဲ့တွေ့ရင် ရင်ဆိုင်ဖို့အတွက် အင်အားမျှပါစေ

ဟိုးမှာ Gb ကြည့်စမ်းကွယ် ပန်းပွင့်လေးတွေ ဝင့်ကြွားလှပနေ

ညှိုးငယ် Bbm ချိန်ရောက်တော့ အပင်အဖျားအနားက ကြွေ

ကိုယ်တို့ဟာ သေမင်းလက်မှာ Ebm ဝပ်တွားရမှာ မသွေ ကိုယ်သာအရင် သွားရပါစေ

ကိုယ် B မရှိတော့တဲ့ ကမ္ဘာထဲမှာ မင်းဟာကျင့်သားရပါစေ

Verse 1

Gb ကိုယ်ဟာ လွင်ပြင်ကျယ်တွေကို ကျော်လွန်ခဲ့ပြီးနောက်

ပင်လယ်ကိုဖြတ်ပျံလို့ သမုဒ္ဒရာထဲ‎ ‎ Bbm လေနီကြမ်းတွေဆိုး

မုန်တိုင်းကိုတိုးမိတော့ ကိုယ့်အတောင်ပံတွေဟာ စုတ်ဖွာကြဲ

Ebm ခေါင်းကိုငုံ့ကာလွှဲ တောင်းပန်တိုးလျှိုးရတယ်

မလုပ်ပါနဲ့လို့ ကမ္ဘာမြေရေ ဒါဘယ်လို ဒုက္ခငရဲ

ဒီကြယ်ဟာ B အမှောင်ယံတွေထဲ ပြုတ်ကျခဲ့တဲ့ ဥက္ကာခဲ

Gb အားလုံးဟာမုန်းလောက်ပါပြီ သိက္ခာတွေ ကုန်းကောက်စရာမရှိ

ပုခုံးညောင်းစရာ Bbm ခရီးက အရာရာကို လွှတ်ချခဲ့ပြီးနောက်

ကိုယ်ပိုင်ဆိုင်တာဆိုလို့လည်း အရှုံးပေါင်းရာချီ

Ebm သေရာပါ Trauma တွေ ဦးနှောက်မှာငြိ ဝါးလုံးခေါင်းရှာပြီး

သာရတဲ့ လတစ်စင်းဟာ ‎ B April နေ့ရက်တွေထဲက

ပြေးထွက်လာပြီးနောက် မင်းရင်ခွင်ကလွဲပြီးလည်း ပုန်းအောင်းစရာမရှိ

Verse 2

Gb လူတွေဟာ ဘယ်လိုများလဲ အချစ်ရယ်လို့ မင်းဆီမှာ ခေါင်းထိုးပြီး ငိုရတဲ့အဖြစ်ရယ်

Bbm ကိုယ်တည်ဆောက်ခဲ့သမျှ ကိုယ်ပြန်ဖြိုချခဲ့ပစ်မယ် ကိုယ့်အမြီးကိုယ်ပြန်ပြီး မြိုရတဲ့ခေတ်ထဲမှာ

Ebm မင်းကိုပြန်ရခဲ့တာ ဒါဘုရားသခင်ရဲ့ တစ်ခုတည်းသော သနားကြင်နာမှုပဲ

B အခြား တစ်ပါးသူလက်ထဲတော့ မထားချင်ပါဘူးရယ် ဒါကြောင့်ပဲ ကိုယ်ဟာ ကြားဝင်ကာလုခဲ့တယ်

Gb ကိုယ့်မှာက မင်းပဲရှိတာ သူတို့မှာက ရွေးချယ်စရာတွေ အများကြီးပဲနေမှာ

Bbm သံယောဇဥ်တွေ ထားမိခဲ့လေသမျှ ပြန်စွန့်လွှတ်ဖို့ဆိုတာလည်း အားမရှိတဲ့ အနေအထားပါ

Ebm ဝါး ဓနိနဲ့ နေရ နေရ ချစ်ခြင်းမေတ္တာကိုတော့ မင်းဆီကလွဲ တစ်ခြားနည်းနဲ့ မဖွေရှာ

B မျက်ရည်မိုးတွေဟာ အတားအဆီးမဲ့ကြွေကျလာ အဲ့လို ကိုယ်တို့ရဲ့ ခါးသီးတဲ့နေ့များမှာ

Gb ကမ္ဘာ့ရဲ့ အမှောင်ခြမ်းရောက်ရင်တောင် မင်းလှမ်းငေးတိုင်း မြင်ဖို့ လောင်ကျွမ်းပြနေမယ်

Bbm ဘယ်သူ့ကို အချစ်ခဲ့ဆုံးလဲ အချစ်ခဲ့ဆုံးလဲ မေးတိုင်း မင်းနာမည်ပဲအခုထိ ကယောင်ကတမ်း ထဖြေတယ်

Ebm မိတ္ထီလာ ကလောနဲ့ အောင်ပန်းကနေ ညောင်ရွှေမြို့တစ်ဝိုက်က တောင်တန်းအလှတွေပေါ်

B မင်းလက်တွဲပြီး နောက်တစ်ခေါက် ရှောင်စမ်းပါရစေ ကိုယ်တို့အတူနင်းဖူးတဲ့ ထောင်နှုတ်ခမ်းဝတွေ

Chorus

Chorus

Gb ကိုယ်ဟာနောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီး Bbm အလယ်

ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိ Ebm လည်း

ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတကရှိမြဲ B ရယ် ဒါသမုဒယနဲ့ချည်တဲ့နွယ်

Gb ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ

Bbm ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိ Ebm တယ်

ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့် B ထဲ

မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ Gb ကွယ်...

ရူးရချည် Bbm ရဲ့...ရူးရချည်ရဲ့.. Ebm ကွယ်... B

Rap

Gb မြစ်တစ်ဖက်ကမ်းမြို့ကနေ ထိုင်ပြီးတွေးခဲ့မိ ဒီအိမ်ပြန်လမ်းတွေဟာ ဘယ်လောက်မိုင်ခရီးဝေးမလဲ မသိ

Bbm ဘယ်သူနဲ့မှယှဥ်ပြိုင်ပြီး မရွေးနဲ့နော် တစ်ခုခုဆို ဘဲကြီးမှာ ကွိုင်သီးလေးပဲရှိတာ

Ebm ကြောက်စိတ်တွေဟာ အလွန်အကဲပါ အချစ်ရေ ဒီလူဟာ အတိတ်တွေရဲ့နွံထဲမှာ နစ်နေ

B ဘာကိုမှ မကျွံရဲစရာ နှစ်တွေမှာ မင်းရှိလို့ ပျော်စရာတွေ ဒွန်တွဲကာ ရစ်ခွေ

Gb နောင်တတွေရမှာ အတပ်သိရဲ့သားနဲ့ ဘူတာမှားပြီး သွားရပ်မိတဲ့ ရထားငယ်

Bbm အခက်အခဲတွေကြုံလာတော့ သတ္တိတကယ် အားနည်း

မင်းမရှိတော့ လူတွေအလယ်မှာ မျက်စိသူငယ် နားသူငယ်

Ebm တိုက်ခန်းလေးတစ်ခုထဲမှာ မနက်ထိလည်း က တယ်

ငါတို့တောင်ပေါ်ရွာလေးတွေကိုလည်း ပတ်ကြည့်ခဲ့ကြတယ်

B အထီးကျန်လွန်းတဲ့ မင်းအတွက် အဖေါ်ဆိုပြီး ခွေးလေးတစ်ကောင်ပေးခဲ့တာရော မှတ်မိရဲ့မလားကွယ်

Gb ဘဝတွေမပျက်သွားအောင် အဖက်ဖက်ကကြပ်တည်းတဲ့ကြားက ကိုယ်ဟာ တည်ထောင်နေရတော့

Bbm တခါတလေလည်း ကိုယ့်သံသယတွေဟာ မုန်တိုင်းတစ်ခုလို အနီရောင်အနေအထားကျော်

Ebm ဒီသံယောဇဥ် ဒီမေတ္တာတွေဟာ ဒီကမ္ဘာမြေအဆုံးထိကို ချည်နှောင်စေသားပေါ့

B ငါတို့အသက်တွေ မမှီအောင် ရှည်လျားသော သံသရာထဲမှာ ဘယ်ဘဝရောက်ရောက် ငါ့အနားလာ ဂဂျီဂဂျောင်တွေကျ နော်

Gb ဒါဟာ ငါမင်းကိုချစ်ခဲ့သမျှ ငါ့ဘဝတစ်လျှောက်လုံးစာ ဖွက်ထားသမျှတွေပဲ

Bbm မင်းသိတဲ့အတိုင်းပဲပေါ့ G Fattဟာ ရင်ဘတ်ကမပါပဲ ပါးစပ်ဖျားကနေမကြွယ်

Ebm နောက်ဆုံးတစ်နေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကို ပြတ်သားရလေမယ်

B ငါမင်းကို စိတ်ချလက်ချလို့ ဒီကမ္ဘာကြီးထဲကနေ ထွက်သွားပါရစေကွယ်

Bridge

( မင်းအတွက်အလှဆုံး ‎ Gb သီချင်းလေးတစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ်

မိုးကုတ် Bbm စက်ဝိုင်းထိ တိမ်များသိသလို ကြယ်များသိစေကွယ်

မင်းအတွက် Ebm အလှဆုံး သီချင်းလေးတစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ်

ဆောင်းခို B ငှက်များလည်း ဒီချစ်ခြင်းတရားကို ခံစားမိလေမယ် ) x2

Music

:|| Gb ___ | Bbm ___ | Ebm ___ | B ___ ||:

Chorus

Chorus

Gb ကိုယ်ဟာနောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီး Bbm အလယ်

ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိ Ebm လည်း

ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတကရှိမြဲ B ရယ် ဒါသမုဒယနဲ့ချည်တဲ့နွယ်

Gb ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ

Bbm ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိ Ebm တယ်

ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့် B ထဲ

မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ Gb ကွယ်...

ကိုယ်တကယ် ရူးရချည် Bbm ရဲ့...ကိုယ်ဟာ ရူးရချည်ရဲ့ Ebm ကွယ်... B

‎

\ FINE \

More from G Fatt