သမုဒယနဲ့ချည်တဲ့နွယ်
Tha Mu Da Ya Nae Chi Tae Nwe
G Fatt Key: Ab
4 chords in this song
Recommended Playing Position
Key - D
Capo - 4th Fret
Intro
| Ab ___ | Cm ___ | Fm ___ | Db ___ |
Verse 1
ဘဒ္ဒ Ab ကမ္ဘာကြီးထဲ လူလာဖြစ်တဲ့ တဒင်္ဂ ခဏတာလေးမှာ
စကြ Cm ဝဠာကြီးနဲ့သာယှဥ် ကိုယ်တို့ဟာ မထင်မရှား ဘဝပါလေ
တစ်သက်တာ Fm ဘဝခရီးထဲ မင်းဖြတ်သန်းလို့ သင်ကြားသမျှ အရာတွေမှာ
Db ဒုက္ခနဲ့တွေ့ရင် ရင်ဆိုင်ဖို့အတွက် အင်အားမျှပါစေ
ဟိုးမှာ Ab ကြည့်စမ်းကွယ် ပန်းပွင့်လေးတွေ ဝင့်ကြွားလှပနေ
ညှိုးငယ် Cm ချိန်ရောက်တော့ အပင်အဖျားအနားက ကြွေ
ကိုယ်တို့ဟာ သေမင်းလက်မှာ Fm ဝပ်တွားရမှာ မသွေ ကိုယ်သာအရင် သွားရပါစေ
ကိုယ် Db မရှိတော့တဲ့ ကမ္ဘာထဲမှာ မင်းဟာကျင့်သားရပါစေ
Verse 1
Ab ကိုယ်ဟာ လွင်ပြင်ကျယ်တွေကို ကျော်လွန်ခဲ့ပြီးနောက်
ပင်လယ်ကိုဖြတ်ပျံလို့ သမုဒ္ဒရာထဲ Cm လေနီကြမ်းတွေဆိုး
မုန်တိုင်းကိုတိုးမိတော့ ကိုယ့်အတောင်ပံတွေဟာ စုတ်ဖွာကြဲ
Fm ခေါင်းကိုငုံ့ကာလွှဲ တောင်းပန်တိုးလျှိုးရတယ်
မလုပ်ပါနဲ့လို့ ကမ္ဘာမြေရေ ဒါဘယ်လို ဒုက္ခငရဲ
ဒီကြယ်ဟာ Db အမှောင်ယံတွေထဲ ပြုတ်ကျခဲ့တဲ့ ဥက္ကာခဲ
Ab အားလုံးဟာမုန်းလောက်ပါပြီ သိက္ခာတွေ ကုန်းကောက်စရာမရှိ
ပုခုံးညောင်းစရာ Cm ခရီးက အရာရာကို လွှတ်ချခဲ့ပြီးနောက်
ကိုယ်ပိုင်ဆိုင်တာဆိုလို့လည်း အရှုံးပေါင်းရာချီ
Fm သေရာပါ Trauma တွေ ဦးနှောက်မှာငြိ ဝါးလုံးခေါင်းရှာပြီး
သာရတဲ့ လတစ်စင်းဟာ Db April နေ့ရက်တွေထဲက
ပြေးထွက်လာပြီးနောက် မင်းရင်ခွင်ကလွဲပြီးလည်း ပုန်းအောင်းစရာမရှိ
Verse 2
Ab လူတွေဟာ ဘယ်လိုများလဲ အချစ်ရယ်လို့ မင်းဆီမှာ ခေါင်းထိုးပြီး ငိုရတဲ့အဖြစ်ရယ်
Cm ကိုယ်တည်ဆောက်ခဲ့သမျှ ကိုယ်ပြန်ဖြိုချခဲ့ပစ်မယ် ကိုယ့်အမြီးကိုယ်ပြန်ပြီး မြိုရတဲ့ခေတ်ထဲမှာ
Fm မင်းကိုပြန်ရခဲ့တာ ဒါဘုရားသခင်ရဲ့ တစ်ခုတည်းသော သနားကြင်နာမှုပဲ
Db အခြား တစ်ပါးသူလက်ထဲတော့ မထားချင်ပါဘူးရယ် ဒါကြောင့်ပဲ ကိုယ်ဟာ ကြားဝင်ကာလုခဲ့တယ်
Ab ကိုယ့်မှာက မင်းပဲရှိတာ သူတို့မှာက ရွေးချယ်စရာတွေ အများကြီးပဲနေမှာ
Cm သံယောဇဥ်တွေ ထားမိခဲ့လေသမျှ ပြန်စွန့်လွှတ်ဖို့ဆိုတာလည်း အားမရှိတဲ့ အနေအထားပါ
Fm ဝါး ဓနိနဲ့ နေရ နေရ ချစ်ခြင်းမေတ္တာကိုတော့ မင်းဆီကလွဲ တစ်ခြားနည်းနဲ့ မဖွေရှာ
Db မျက်ရည်မိုးတွေဟာ အတားအဆီးမဲ့ကြွေကျလာ အဲ့လို ကိုယ်တို့ရဲ့ ခါးသီးတဲ့နေ့များမှာ
Ab ကမ္ဘာ့ရဲ့ အမှောင်ခြမ်းရောက်ရင်တောင် မင်းလှမ်းငေးတိုင်း မြင်ဖို့ လောင်ကျွမ်းပြနေမယ်
Cm ဘယ်သူ့ကို အချစ်ခဲ့ဆုံးလဲ အချစ်ခဲ့ဆုံးလဲ မေးတိုင်း မင်းနာမည်ပဲအခုထိ ကယောင်ကတမ်း ထဖြေတယ်
Fm မိတ္ထီလာ ကလောနဲ့ အောင်ပန်းကနေ ညောင်ရွှေမြို့တစ်ဝိုက်က တောင်တန်းအလှတွေပေါ်
Db မင်းလက်တွဲပြီး နောက်တစ်ခေါက် ရှောင်စမ်းပါရစေ ကိုယ်တို့အတူနင်းဖူးတဲ့ ထောင်နှုတ်ခမ်းဝတွေ
Chorus
Chorus
Ab ကိုယ်ဟာနောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီး Cm အလယ်
ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိ Fm လည်း
ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတကရှိမြဲ Db ရယ် ဒါသမုဒယနဲ့ချည်တဲ့နွယ်
Ab ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ
Cm ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိ Fm တယ်
ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့် Db ထဲ
မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ Ab ကွယ်...
ရူးရချည် Cm ရဲ့...ရူးရချည်ရဲ့.. Fm ကွယ်... Db
Rap
Ab မြစ်တစ်ဖက်ကမ်းမြို့ကနေ ထိုင်ပြီးတွေးခဲ့မိ ဒီအိမ်ပြန်လမ်းတွေဟာ ဘယ်လောက်မိုင်ခရီးဝေးမလဲ မသိ
Cm ဘယ်သူနဲ့မှယှဥ်ပြိုင်ပြီး မရွေးနဲ့နော် တစ်ခုခုဆို ဘဲကြီးမှာ ကွိုင်သီးလေးပဲရှိတာ
Fm ကြောက်စိတ်တွေဟာ အလွန်အကဲပါ အချစ်ရေ ဒီလူဟာ အတိတ်တွေရဲ့နွံထဲမှာ နစ်နေ
Db ဘာကိုမှ မကျွံရဲစရာ နှစ်တွေမှာ မင်းရှိလို့ ပျော်စရာတွေ ဒွန်တွဲကာ ရစ်ခွေ
Ab နောင်တတွေရမှာ အတပ်သိရဲ့သားနဲ့ ဘူတာမှားပြီး သွားရပ်မိတဲ့ ရထားငယ်
Cm အခက်အခဲတွေကြုံလာတော့ သတ္တိတကယ် အားနည်း
မင်းမရှိတော့ လူတွေအလယ်မှာ မျက်စိသူငယ် နားသူငယ်
Fm တိုက်ခန်းလေးတစ်ခုထဲမှာ မနက်ထိလည်း က တယ်
ငါတို့တောင်ပေါ်ရွာလေးတွေကိုလည်း ပတ်ကြည့်ခဲ့ကြတယ်
Db အထီးကျန်လွန်းတဲ့ မင်းအတွက် အဖေါ်ဆိုပြီး ခွေးလေးတစ်ကောင်ပေးခဲ့တာရော မှတ်မိရဲ့မလားကွယ်
Ab ဘဝတွေမပျက်သွားအောင် အဖက်ဖက်ကကြပ်တည်းတဲ့ကြားက ကိုယ်ဟာ တည်ထောင်နေရတော့
Cm တခါတလေလည်း ကိုယ့်သံသယတွေဟာ မုန်တိုင်းတစ်ခုလို အနီရောင်အနေအထားကျော်
Fm ဒီသံယောဇဥ် ဒီမေတ္တာတွေဟာ ဒီကမ္ဘာမြေအဆုံးထိကို ချည်နှောင်စေသားပေါ့
Db ငါတို့အသက်တွေ မမှီအောင် ရှည်လျားသော သံသရာထဲမှာ ဘယ်ဘဝရောက်ရောက် ငါ့အနားလာ ဂဂျီဂဂျောင်တွေကျ နော်
Ab ဒါဟာ ငါမင်းကိုချစ်ခဲ့သမျှ ငါ့ဘဝတစ်လျှောက်လုံးစာ ဖွက်ထားသမျှတွေပဲ
Cm မင်းသိတဲ့အတိုင်းပဲပေါ့ G Fattဟာ ရင်ဘတ်ကမပါပဲ ပါးစပ်ဖျားကနေမကြွယ်
Fm နောက်ဆုံးတစ်နေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကို ပြတ်သားရလေမယ်
Db ငါမင်းကို စိတ်ချလက်ချလို့ ဒီကမ္ဘာကြီးထဲကနေ ထွက်သွားပါရစေကွယ်
Bridge
( မင်းအတွက်အလှဆုံး Ab သီချင်းလေးတစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ်
မိုးကုတ် Cm စက်ဝိုင်းထိ တိမ်များသိသလို ကြယ်များသိစေကွယ်
မင်းအတွက် Fm အလှဆုံး သီချင်းလေးတစ်ပုဒ် ကိုယ်ဖန်တီးပေးခဲ့တယ်
ဆောင်းခို Db ငှက်များလည်း ဒီချစ်ခြင်းတရားကို ခံစားမိလေမယ် ) x2
Music
:|| Ab ___ | Cm ___ | Fm ___ | Db ___ ||:
Chorus
Chorus
Ab ကိုယ်ဟာနောင်တများစွာ သယ်ပိုးရင်းနဲ့ လူ့ဘဝကြီး Cm အလယ်
ကိုယ်စွန့်စားခဲ့သမျှ နာကျည်းခဲ့သမျှ ဘယ်သူမှ မသိ Fm လည်း
ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတကရှိမြဲ Db ရယ် ဒါသမုဒယနဲ့ချည်တဲ့နွယ်
Ab ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ
Cm ကိုယ်ဖွက်ထားခဲ့တဲ့ ချစ်ခြင်းတရားကို အခုမှသိ Fm တယ်
ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့် Db ထဲ
မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ Ab ကွယ်...
ကိုယ်တကယ် ရူးရချည် Cm ရဲ့...ကိုယ်ဟာ ရူးရချည်ရဲ့ Fm ကွယ်... Db
\ FINE \