Unforgettable (ဘယ်လိုမေ့လို့ရမှာလဲ)
Unforgettable Be Loe May Loe Ya Hma Lae
Big Bag Key: Fm
5 chords in this song
Intro
:|| Fm ___ | Bbm ___ | Fm ___ | Db _ Eb _ ||:
Verse 1
Fm မင်းထင်သလောက် ငါ့သိက္ခာမ Bbm ဆင်းရဲ
Fm ငါ့ခြေနဲ့ငါ လှည့်ထွက် Bbm သွားမယ်
Fm အတိတ်တွေလား လူကိုသတ်နေ Bbm ဆဲပဲ
Fm ငါ့ခြေနဲ့ ငါရပ်တည် Eb သွားမယ်
Chorus 1
Chorus
Db ဒီအပေါစားမေးခွန်းများနဲ့ Eb ငါ့ရင်ကို
မင်းလည်း အပြုံးတုများနဲ့ Db ဆီးလို့ကြို
ဒါဆို ကြယ်တွေကြွေသော Eb ညတွေကို
အကောင်းဆုံးည အသွင် Db ပြောင်းမယ်ဆို
မင်းလေးပေးခဲ့ဖူးတဲ့ Eb အနမ်းတွေကို
သိမ်းဆည်းလိုက်ပါ Db ငါ့အတွက်အပို
ငါယုံကြည်နေခဲ့သော Eb နေ့တွေကို
မင်း C မေ့လို့ ရနိုင်ခဲ့ Fm ပြီ
Music
:|| Fm ___ | Bbm ___ | Fm ___ | Db _ Eb _ ||:
Verse 2
Fm မင်းမြင်သလောက် ငါ့ညတွေ Bbm အလင်းမမဲ့
Fm ငါ့အိပ်မက်နေ့တွေ ခြောက်ကပ် Bbm လွန်းလဲ
Fm အတိတ်တွေလား လူကိုသတ်နေ Bbm ဆဲပဲ
Fm ငါ့ရင်ထဲမှာ မင်းဟာ Eb အကြွင်းမဲ့
Chorus 2
Chorus
Db တစ်နေ့နေ့ မင်းရဲ့ရှေ့သို့ Eb ရောက်နိုင်ရင်
မင်းလည်း အပြုံးတုများနဲ့ Db ဆီးလို့ကြို
ဒါဆိုကြယ်တွေကြွေသော Eb ညတွေကို
အကောင်းဆုံးည အသွင် Db ပြောင်းမယ်ဆို
မင်းလေးပေးခဲ့ဖူးတဲ့ Eb အနမ်းတွေလို
သိမ်းဆည်းလိုက်ပါ Db ငါ့အတွက်အပို
ငါယုံကြည်နေခဲ့သော Eb နေ့တွေကို
ဘယ်လို မေ့လို့ရနိုင် Fm မလဲ
Bridge
ယုံကြည် Db သူ ယုံလွယ် Eb သူ
Fm လမ်းဆက် Eb လျှောက်နေ Db မယ့်အတူ
Bbm လောကကြီးထဲမှာ ငါ C ပြည့်စုံပြီးသားပါ
မင်းနဲ့ အပြုံး Fm လည်းအတူ
Rap
Fm ဘယ်လိုနေသလဲ အရသာရှိသလား And the next time
ငါ့ရပ်ကွက် Bbm ထဲလာပြီး ဂလယ်အူကြောင်လုပ်ရင် ဂွစာမိမှာ
80s က Fm အာဝါဒီးအထာ အနာဆာရှိသယောင်နဲ့
ဂျပန်ကဂေါ်ဇီလာလို Db စကားက ကြီးထွား
ငါ့ဝိုင်းမှာ Eb မင်းသိပ်ပြီးမှုတ်ချင်ရင်တောင်မှ Fm ဘာဂျာမရှိပါ
မင်းလုပ်ခဲ့တာ မင်းပြန်ကြည့် အခွံခွာလိုက်တော့ အတွင်း Bbm ဆံမရှိ
သူများတွေ ဒေါင်ဒေါင်မြည်ချိန်မှာ မင်းတစ်ယောက်ပဲ နင်း Fm ကန်ဂိ
R ကြီးလို စည်းတစ်ဖက်ခြား မင်းအသိပညာ ဘုရားလောက်ကြီးမြတ်သလား
Db သီချင်းပဲမဆိုနဲ့ မင်းနှလုံးသား Eb ထဲမှာ မရှိတာ မီးခွက်များ
Fm တကယ်တမ်း ပုံပန်းမလာလောက်မှန်း အိမ်ထိလာ
စုံစမ်းကာထောက် Bbm လှမ်း ခြောက်သွေ့ရာအရပ်မှာ
တစ်ယောက်ထဲ ကုန်ခမ်းကာလောင်ကျွမ်း
ဘယ်လောက်တောင် Fm ကြိတ်ပြီးမုန်းနေသလဲ
မင်းအိပ်ရာထတိုင်း အုန်းတွေလွဲ
မင်းနှလုံးသား Db ထဲက ဒုက္ခသည်စခန်းကို Eb အစ္စရေးလို ဗုန်းတွေကြဲ
Fm အချိုးမကျပြီး Fu တယ် သူများ Slang တွေခိုးချပြီးယူ
ကိုးကား Bbm သည်မူ ငါပြောပြီးသား ဆင်တူရိုးမှား သတိပြု
You done Fm slip, fool? Come get it
ခေတ်ကိုက Media သုံး Db ပြီး သူခိုးကလူပြန် Eb ဟစ်
ငါတစ်ခါပေါက်ကွဲပြီး ဆဲထည့် Fm လိုက်တာ စမ်းချောင်းအိမ်တောင် တုန်သွားတယ်
ကလေးဘဝက ယုံထားခဲ့သမျှ Bbm အရာတွေအားလုံး England မိုးတွင်းလို မှုန်ဝါးခဲ့
မင်းလည်းငယ်တော့ Fm တာ မဟုတ်ပဲ အဲ့ဒီလောက်တောင် မနုံအနဲ့
ငါ့လိုလူရှိရင် Db ပတ်ပြီးရှာကြည့်လိုက် ထမင်းထုပ်ပါ ကုန် Eb သွားမယ်