ChordMyanmar

ညဉ့်ငှက်နှင့်လူပျော်တစ်ယောက်

Nya Nya Hnget Hna Nga Loo Pyaw Tit Yauk

Pone Yape

Transpose − +8 + Reset

4 chords in this song

Dm
Gm
C
Am

Intro

| Dm ___ | Gm ___ | Dm _ C _ |

Verse 1

Dm မင်းနဲ့ငါနဲ့မတွေ့တာလဲ ခန့်မှန်းကြည့်ရင်

Am သုံးလတောင် ပြည့်လောက်ပြီကွယ်

Dm တစ်ခေါင်းလုံးအနီဆိုး မင်းဆံပင်လည်း

အခုများလောက်ဆို‎ ‎ Am ကာလာရောင်စုံ ဆိုးထားလို့ Dm နေမယ်

Gm ကားလမ်းမှာ မင်းကိုတွေ့ အချက်ပြရင် မင်းလာတယ်

Dm အသပြာ ၇ဝဝဝ မင်းအိတ်ကပ်ကိုထည့်‎ ‎

Gm နီးစပ်ရာတည်းခိုခန်းမှာ စီးကရက်ကိုနမ်းကာရှိုက်လို့

Dm မကြင်နာသူကို ခေါင်းအုံးလုပ်လို့လှဲ

ငါ့သူငယ် Gm ချင်းတွေ ဝိုင်းလို့တား မင်းပတ်သတ်တဲ့

Dm မိန်းကလေးက ညဉ့်ငှက်လေးတစ်ကောင်ပါ

Gm သူ့အိမ်မှာလဲမအိပ်နိုင်ရှာ တစ်ချို့ညများဆို

Dm မီးဖွင့်အိပ်တယ် တစ်ချို့ညများဆိုပိတ်

Chorus 1

Chorus

Gm နင့်မောင်လေးကိုပေးဖို့ C ရာ ကျောင်းစာအုပ်တွေ

မ Dm နေ့ညတုန်းက မီးရှို့လိုက်ပြီကွာ

Gm မင်းနေသွားတဲ့ ရပ်ကွက် C ကို

ဟိုးအရင်ကလို စက် Dm ဘီးပတ်စီးဖို့ သတ္တိမရှိပါဟာ

Gm ဈေးဘက်လဲ မရောက်ဖြစ် C ပါ ငါးတွေရောင်းတဲ့

Dm နင့်သူငယ်ချင်းဆို ငါ့ကိုမေးနေကြ

Gm ဖြစ်လာနိုင်တဲ့ အကြောင်းများ C ကို

ငါ့အနာဂတ်မှာ ‎ Dm လက်မခံရဲလို့ အဆက်ဖြတ်လိုက်တာပါ

ငါလူ Gm ကောင်းတစ်ယောက်မဟုတ်တာ ‎ C မင်းလည်းသိမှာ Dm ပါ

Solo

| Gm ___ | Dm ___ | Gm ____ | Dm ___ |

| Gm _ C _ | Dm ___ |

Verse 2

Dm အားကိုးသူမဲ့ မျက်နှာငယ်

အဖေမရှိတဲ့အပြင် ‎ Am သူ့ရဲ့မိခင်ကအိပ်ယာထဲလဲ

Dm မင်းအကြောင်းတွေ ငါ့ကိုပြောစဉ်က

မင်းမျက်ဝန်းမှာ ‎ Am အကြင်နာဆိုတဲ့ နွေးထွေးမှုကို Dm ရှာ

Gm ဈေးပေါတဲ့သူရေမွှေး စက်သွေးခဲကိုပါးမှာချ

Dm သူသာမပါရင် ညဘက်လေးဟာမလှ

Gm စိုးထိတ်စွာ ရုန်းကန်ရင်း အရိုးဂေါက်ဂက်

သူ့လည်ပင်းမှာ ‎ Dm ဝါထိန်နေတဲ့ ဆွဲကြိုးလေးပါဗျာ

မင်းကို Gm တမ်းတမိတယ်လား သတိရမိတဲ့

Dm ငါ့ရဲ့စိတ်ကို ငါမေ့ပစ်ချင်တာ‎ ‎ Gm ဟိုးအရင်ပြုံးခဲ့စဉ်က

မင်းရဲ့နှုတ်ခမ်းနီ Dm ရဲရဲကြီးကို ငါမုန်းလိုက်တာဟာ

Chorus 2

Chorus

Gm နင့်အမေရောဂါပျောက်ဖို့ C ရာ ငါထည့်ကာပေးတဲ့

Dm ဆေးတွေ အဲ့မှာ အသုံးရောတည့်ရဲ့လား

Gm မင်းနေကောင်းလား မေးဖို့ C ရာ

ငါစိတ်လျှော့ပြီးတော့ Dm အိပ်နေမိတယ် ဖုန်းလည်းစက်ပိတ်ထား

Gm နင့်ရဲ့မျက်ရည်စက်တစ်ပေါက် C ဟာ ငါ့ရဲ့အသည်းမှာ

Dm စွန်းထင်ခဲ့ပြီ တိုးတိုးတိတ်တိတ်ခါး ခါးခါး

Gm ဖြစ်လာနိုင်တဲ့ အကြောင်းများ C ကို ငါ့အနာဂတ်မှာ

Dm လက်မခံရဲလို့ အဆက်ဖြတ်လိုက်တာပါ

ငါလူ Gm ကောင်းတစ်ယောက်မဟုတ်တာ ‎ C မင်းလည်းသိမှာ Dm ပါ

ငါလူ Gm ကောင်းတစ်ယောက်မဟုတ်တာ ‎ C မင်းလည်းသိမှာ Dm ပါ...

\ FINE \

More from Pone Yape