ညဉ့်ငှက်နှင့်လူပျော်တစ်ယောက်
Nya Nya Hnget Hna Nga Loo Pyaw Tit Yauk
4 chords in this song
Intro
| Bm ___ | Em ___ | Bm _ A _ |
Verse 1
Bm မင်းနဲ့ငါနဲ့မတွေ့တာလဲ ခန့်မှန်းကြည့်ရင်
Gbm သုံးလတောင် ပြည့်လောက်ပြီကွယ်
Bm တစ်ခေါင်းလုံးအနီဆိုး မင်းဆံပင်လည်း
အခုများလောက်ဆို Gbm ကာလာရောင်စုံ ဆိုးထားလို့ Bm နေမယ်
Em ကားလမ်းမှာ မင်းကိုတွေ့ အချက်ပြရင် မင်းလာတယ်
Bm အသပြာ ၇ဝဝဝ မင်းအိတ်ကပ်ကိုထည့်
Em နီးစပ်ရာတည်းခိုခန်းမှာ စီးကရက်ကိုနမ်းကာရှိုက်လို့
Bm မကြင်နာသူကို ခေါင်းအုံးလုပ်လို့လှဲ
ငါ့သူငယ် Em ချင်းတွေ ဝိုင်းလို့တား မင်းပတ်သတ်တဲ့
Bm မိန်းကလေးက ညဉ့်ငှက်လေးတစ်ကောင်ပါ
Em သူ့အိမ်မှာလဲမအိပ်နိုင်ရှာ တစ်ချို့ညများဆို
Bm မီးဖွင့်အိပ်တယ် တစ်ချို့ညများဆိုပိတ်
Chorus 1
Chorus
Em နင့်မောင်လေးကိုပေးဖို့ A ရာ ကျောင်းစာအုပ်တွေ
မ Bm နေ့ညတုန်းက မီးရှို့လိုက်ပြီကွာ
Em မင်းနေသွားတဲ့ ရပ်ကွက် A ကို
ဟိုးအရင်ကလို စက် Bm ဘီးပတ်စီးဖို့ သတ္တိမရှိပါဟာ
Em ဈေးဘက်လဲ မရောက်ဖြစ် A ပါ ငါးတွေရောင်းတဲ့
Bm နင့်သူငယ်ချင်းဆို ငါ့ကိုမေးနေကြ
Em ဖြစ်လာနိုင်တဲ့ အကြောင်းများ A ကို
ငါ့အနာဂတ်မှာ Bm လက်မခံရဲလို့ အဆက်ဖြတ်လိုက်တာပါ
ငါလူ Em ကောင်းတစ်ယောက်မဟုတ်တာ A မင်းလည်းသိမှာ Bm ပါ
Solo
| Em ___ | Bm ___ | Em ____ | Bm ___ |
| Em _ A _ | Bm ___ |
Verse 2
Bm အားကိုးသူမဲ့ မျက်နှာငယ်
အဖေမရှိတဲ့အပြင် Gbm သူ့ရဲ့မိခင်ကအိပ်ယာထဲလဲ
Bm မင်းအကြောင်းတွေ ငါ့ကိုပြောစဉ်က
မင်းမျက်ဝန်းမှာ Gbm အကြင်နာဆိုတဲ့ နွေးထွေးမှုကို Bm ရှာ
Em ဈေးပေါတဲ့သူရေမွှေး စက်သွေးခဲကိုပါးမှာချ
Bm သူသာမပါရင် ညဘက်လေးဟာမလှ
Em စိုးထိတ်စွာ ရုန်းကန်ရင်း အရိုးဂေါက်ဂက်
သူ့လည်ပင်းမှာ Bm ဝါထိန်နေတဲ့ ဆွဲကြိုးလေးပါဗျာ
မင်းကို Em တမ်းတမိတယ်လား သတိရမိတဲ့
Bm ငါ့ရဲ့စိတ်ကို ငါမေ့ပစ်ချင်တာ Em ဟိုးအရင်ပြုံးခဲ့စဉ်က
မင်းရဲ့နှုတ်ခမ်းနီ Bm ရဲရဲကြီးကို ငါမုန်းလိုက်တာဟာ
Chorus 2
Chorus
Em နင့်အမေရောဂါပျောက်ဖို့ A ရာ ငါထည့်ကာပေးတဲ့
Bm ဆေးတွေ အဲ့မှာ အသုံးရောတည့်ရဲ့လား
Em မင်းနေကောင်းလား မေးဖို့ A ရာ
ငါစိတ်လျှော့ပြီးတော့ Bm အိပ်နေမိတယ် ဖုန်းလည်းစက်ပိတ်ထား
Em နင့်ရဲ့မျက်ရည်စက်တစ်ပေါက် A ဟာ ငါ့ရဲ့အသည်းမှာ
Bm စွန်းထင်ခဲ့ပြီ တိုးတိုးတိတ်တိတ်ခါး ခါးခါး
Em ဖြစ်လာနိုင်တဲ့ အကြောင်းများ A ကို ငါ့အနာဂတ်မှာ
Bm လက်မခံရဲလို့ အဆက်ဖြတ်လိုက်တာပါ
ငါလူ Em ကောင်းတစ်ယောက်မဟုတ်တာ A မင်းလည်းသိမှာ Bm ပါ
ငါလူ Em ကောင်းတစ်ယောက်မဟုတ်တာ A မင်းလည်းသိမှာ Bm ပါ...
\ FINE \