ChordMyanmar

အရင်းအနှီး

A Yin A Nhee

Marriza Key: Ab

Verse 1

အချိန်တွေကို ဖြတ်ခဲ့ပြီ ငါ့ရင်ခုန်သံများကို စတေးပြီး

ဒဏ်ရာတွေ ခန်းခြောက်အောင် ရင်းခဲ့တဲ့ နာကျင်မှု

တစ်စုံတစ်ရာကို ရင့်ကျက်အောင် ဘဝကို သင်ကြားလိုက်

ဘာတွေရခဲ့ချင်လည်း ငါ့အတွက် အကုန်ဖြစ်ချင်နေ

Verse 2

ပုံမှန်တွေမရှိတဲ့ ဒီညတွေကို တွယ်ဖက်လို့

ရယ်သံတွေရိုက်ခတ်နေ နားများလည်းပူလောင်လို့

အမှောင်တွေရဲ့ အနောက်ဘက်က လင်းလက်တဲ့ကြယ်များက

ဘာတွေဖြုန်းတီးချင်လဲ ညတစ်ခုကို အသက်သွင်းမယ်

Verse 3

ငိုသံတွေ အကုန်နင်ထားခဲ့လိုက်တော့

အတိတ်ကို ရပ်တန့်လိုက်ဦး

နေရောင်ခြည်တွေဟာ ဖူးပွင့်ဖို့

နေ့စဉ်အမှောင်တွေကို ရင်းနှီးခဲ့

Chorus

တစ်ခုခု ထားခဲ့လိုက်

တစ်ခုခု ပေးဆပ်လိုက်

ဘဝတစ်ခု ရုန်းထွက်ဖို့

တစ်ခုခု ရင်းနှီးလိုက်

Source: myanmarlyrics

More from Marriza