ChordMyanmar

ရန်ကုန်သားလေးကျွန်တော်

Yan Kon Tha Lay Kywan Taw

Hlwan Moe Key: Gb

Transpose − -3 + Reset

5 chords in this song

Gb
Abm
Db
B
Ebm

Intro

( Gb Gb Abm Db Gb ) x2

Gb B Ebm B Db Gb Gb B Ebm B Db Gb

Verse 1

Gb မြန်မာပြည်အနှံ့ Gb လျှောက်လို့သာ Abm ဂစ်တာလေးလည်း Gb ပိုက်ကာ

Gb ရောက်ခဲ့ဖူးတဲ့ Abm မြို့တွေမှာ Db ရန်ကုန်သားလေး Gb ကျွန်တော်ပါ

Gb လေယာဉ်ပျံကြီး Gb စီးလို့သာ Abm ဂစ်တာလေးနဲ့ Gb လိုက်ခဲ့တာ

Gb ဂန့်ဂေါမြို့ရဲ့ Abm တစ်နေရာ Db ဂစ်တာတီးတဲ့ Gb ကောင်ကလေး

Music

Gb B Ebm B Db Gb Gb B Ebm B Db Gb

Verse 2

Gb တောင်ပေါ်မြေက Gb ယောမြို့မှာ Abm နေရာအနှံ့လျှောက် Gb သွားခဲ့တာ

Gb ရေချိုးဆိပ်ရဲ့ Abm တစ်နေရာ Db ထိုင်ကာငေးလို့ Gb နေချိန်မှာ

Gb အော်တိုစာအုပ် Gb ကလေးပြကာ Abm သူလာပေးလို့ Gb ရေးရတာ

Gb စကားပြောတော့ Abm ဝဲဝဲပါ Db ရေလာခပ်တဲ့ Gb ကောင်မလေး

Music

Gb B Ebm B Db Gb Gb B Ebm B Db Gb

Verse 3

Gb ဖြူစင်သန့်ရှင်း Gb ချစ်ချစ်စရာ Abm သဘောထားလည်း Gb ကောင်းကြတာ

Gb ယောမြို့က Abm အပြန်မှာ Db မော်တော်ကားနဲ့ Gb ကြုံလာကာ

Gb တောင်ပေါ်မြေက Gb ဖြတ်လို့ပါ Abm နေပူပြင်းပြင်း Gb ထဲမှာ

Gb ပင်ပန်းလှပေါ့ Abm ဒီတစ်ခါ Db ဂစ်တာတီးတဲ့ Gb ကောင်လေး

Music

( Gb Gb Abm Db Gb ) x2

Gb B Ebm B Db Gb Gb B Ebm B Db Gb

Verse 4

Gb မန္တလာမြေလည်း Db ရောက်လို့လာ Abm မရောက်ဖူးလို့ Gb လျှောက်ကြည့်တာ

Gb မြင်းလှည်းခတော့ Abm မသက်သာ Db ဘုရားကြီးက Gb အပြန်မှာ

Gb ဒီတစ်ခါတော့ Gb ဈေးချိုမှာ Abm ပစ္စည်းလေးများ Gb မေးတဲ့အခါ

Gb လေဟာပြင်ထက်‌ Abm ဈေးကြီးတာ Db မဝယ်ပဲနောက်ကောက် Gb ပြန်ပြေး

Music

Gb B Ebm B Db Gb Gb B Ebm B Db Gb

Verse 5

Gb ဘူတာရုံထဲ Gb သွားလို့သာ Abm ရထားလက်မှတ် Gb မေးကာ

Gb မန္တလေးက Abm အပြန်မှာ Db တောင်ငူတစ်ခေါက် Gb ဝင်လည်တာ

Gb TTC ထဲ Gb ရောက်တဲ့အခါ Abm သူငယ်ချင်းများနဲ့ Gb တွေ့ရတာ

Gb မိန်းမလှကျွန်းလို့ Abm ခေါ်မယ်ကွာ Db သူတို့မြို့က Gb နေရာလေး

Music

Gb B Ebm B Db Gb Gb B Ebm B Db Gb

Verse 6

Gb တောင်ငူမြေက Gb ထွက်လို့သာ Abm ရန်ကုန်မြို့သို့ Gb ရောက်လို့လာ

Gb ဒီတစ်ခေါက်သွားလို့ Abm ကြာနေတာ Db မာမီကလည်း Gb မကြည်ပါ

Gb ကြုံကြိုက်တုန်းမို့ Gb ဝင်လည်တာ Abm ဒီတစ်ခါခွင့်လွှတ် Gb လိုက်ပါ

Gb မချစ်ဘူးလားကွယ့် Abm မာမီရေ Db ဂစ်တာ Db တီးတဲ့ Gb ကောင်ကလေး

More from Hlwan Moe