ChordMyanmar

တိမ်မျှင်ရောင်ကကြိုး

Tein Hmin Yaung Ka Kyoe

G Fatt Key: Am

Transpose − +10 + Reset

4 chords in this song

Am
F
Dm
E7

Intro

:|| Am ___ | F ___ | Dm ___ | E7 ___ ||:

Verse 1

Am ဟိုးဝေလီဝေလင်း အိမ်အပြင်မြင် F ကွင်း မြူခိုးလေးများမြင်

ရင်ခုန်စွာ သီ Dm ချင်းလေး သီဆိုနေရင်းလေ

မင်းအနောက်ကို E7 လိုက်ဖို့ အထုပ်အပိုးလေးတွေပြင်

Am စိုးရိမ်နေတယ် အချစ် အဖေအမေတွေ နိုး F သွားမှာကြောက်နေ

မင်းမျက်နှာ Dm တစ်ရွာထင် အချစ်နဲ့ဆို ကမ္ဘာအပြင်

အဆုံးထိအောင် လိုက် E7 ခဲ့မယ့်သူပါရှင့်

Chorus

Chorus

Am တိမ်မျှင်‌ရောင်ကကြိုး လေ F နှင်ရာပါလို့

ရင် Dm ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုန် နင် E7 ထွေးဖက်ထားပါဦး

သက် Am တန့်ကြီးတွေကို ခိုကာ F စီးပြီးသွားမယ် အဝေးဆုံး

Dm နဂါးငွေ့တန်းတွေပေါ်မှာဆုံရင်း ကြယ် E7 တာရာတွေ မင်းခူးဆွတ်ပေးဦး

Rap [Round Chords as Chorus]

Chorus

ဟိုးမှာကြည့်လိုက်စမ်း စပါးပင်တွေ လေယူရာလွှင့်

အေးချမ်းတဲ့ အရိပ်တစ်ခုခု ရှာနားကြမယ် နေပူလာရင်

သတ်ရင်လည်းမခွဲဘူး စိတ်ချသေအတူပါပင် ပုဝါမကူ ရေမရှူပါ အချစ်

အဲ့လိုဖြစ်စေသူကမင်း မင်းအလှက တစ္ဆေတစ်ကောင်လို ကျောချမ်းစေ

မှိုင်းပြပြ တောတန်းတွေကိုကြည့်ရင်း အမောအပန်းဖြေကာ အနမ်းခြွေ

ကြင်နာစွာ ပွေ့ဖက်ထားရတာ လူကိုသဘောအရမ်းတွေ့

အခုလိုဖီးလ်ကို ဘယ်အရာတွေနဲ့လဲနိုင်မှာလဲ ပြောစမ်းဟေ့

မကြာခင်ဆို မင်းမိဘတွေ စိတ်ပူလောက်ရော့မယ်

မြို့ပြကဗေဒင်တွေလို နိမိတ်ရည်ကောက်တော့ အလွဲ

မကြောက်တော့နဲ့ မင်းအတွက်ငါ အဆင်းအတက်များတဲ့

လောကထဲ နင်းဖြတ်မှာ ကတိတွေပေးရင်း ညဉ့်နက်လာ

ယုံချင်ယုံ မယုံချင်နေပေါ့ အိပ်ရာဝင်ပုံပြင်တွေပြော

ထုံကျင်နေသော အရသာကိုပဲ ငါခုံမင်နေတော့

လိုအပ်ရင် အသက်ပါယူ မင်းကလွဲ ဘာမှမမက်ပါဘူး

ဒီတစ်ညလုံး အိပ်စက်ဖို့ ကမ္ဘာကိုကျောခင်း ငါမင်းဆီမျက်နှာမူ

Chorus

Chorus

Am တိမ်မျှင်‌ရောင်ကကြိုး လေ F နှင်ရာပါလို့

ရင် Dm ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုန် နင် E7 ထွေးဖက်ထားပါဦး

သက် Am တန့်ကြီးတွေကို ခိုကာ F စီးပြီးသွားမယ် အဝေးဆုံး

Dm နဂါးငွေ့တန်းတွေပေါ်မှာဆုံရင်း ကြယ် E7 တာရာတွေ မင်းခူးဆွတ်ပေးဦး

Music

| Am ___ | F ___ | Dm ___ | E7 ___ |

Rap [Round Chords as Chorus]

Chorus

မိုးထိလု တောင်ဆီမှာပေါ့ နံနက်ခင်းရောင်ခြည်လာတော့

ငါတို့နှစ်ယောက်အိပ်ရာထချိန် ကျေးငှက်တို့ လှောင်ရယ်ကာအော်

ကောင်းကင်က အပြာရောင်၀တ်စုံတစ်ထည် ဆင်မြန်းထား

တိမ်တွေက မတည်မြဲတဲ့သဘောကို ပြောပြ ဒါလောကသင်ခန်းစာ

ရွှင်လန်းစွာနိုးထရင်း ညည်းတွားမိတယ် ရိုးရာသီချင်း

ဟိုးမှာမြင်လား ပင်လယ်ပြင် ဝေးကွာခဲ့ပြီ မြို့ပြနှင့်

ထွက်ခဲ့တဲ့ အချစ်ခရီးမှာ စေတနာတွေ ရေစီးကမ်းပြို မြစ်ကြီးအလား

မနက်စာအတွက် ငါခူးလာခဲ့ပြီး သစ်သီးများ

ငါ့အတွက် မလိုပါဘူး မင်းပဲ အားရှိအောင် ၀မ်းစာဖြည့်

ပင်ပန်းတာတွေလည်းများနေပြီမို့ ဂရုစိုက်ပါ ကျန်းမာရေး

ဒုက္ခသမုဒ္ဒရာ လက်ပစ်ကူးဆဲ အခုချိန်ထိ ကမ်းကမတွေ့

သို့ပေမယ့် အားမလျှော့ပါနဲ့ ကျုပ်မှာကိုယ်ပိုင်အစွမ်းစအပြည့်

ဟေး ပြောဖူးတဲ့ တစ်ခါကစကားလိုမျိုးပဲ အချစ်မှာ

ပကာသနများမလို ထာ၀ရဘုရားနဲ့ သဘာ၀တရားကို ကိုးကွယ်

မာနများဆို ချိုးဖဲ့ မထားပါနဲ့လား အငြိုးအတေးတွေ

အဖြူထည်သက်သက် ချစ်ပါကွာ အပြန်လှန်အရောင်တွေ မဆိုးကြေးလေ

Chorus

Chorus

Am တိမ်မျှင်‌ရောင်ကကြိုး လေ F နှင်ရာပါလို့

ရင် Dm ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုန် နင် E7 ထွေးဖက်ထားပါဦး

သက် Am တန့်ကြီးတွေကို ခိုကာ F စီးပြီးသွားမယ် အဝေးဆုံး

Dm နဂါးငွေ့တန်းတွေပေါ်မှာဆုံရင်း ကြယ် E7 တာရာတွေ မင်းခူးဆွတ်ပေးဦး

Music

| Am ___ | F ___ | Dm ___ | E7 ___ |

Rap [Round Chords as Chorus]

Chorus

မင်းကို ခိုးပြေးပြီး နောက်နေ့မနက်မှာ ရန်ကုန်မြို့က

သူငယ်ချင်းတွေလည်း ပြန်အောက်မေ့လျှက်ပါ

စိုးရိမ်လို့မေးပါရစေ မင်းက မြစ်တွေလိုကောက်ကွေ့တတ်လား

သေချာတယ် မင်းမရှိရင် ငါ့ဘဝ သဲကန္တာရလို ခြောက်သွေ့အက်ရှ

Bridge

Am ငါလည်း မင်းလိုပါပဲ ဒီဘ၀ထဲ နင် F မရှိတော့ဘူးဆို

အတောင်ကျိုးတဲ့ငှက်လို ရှင် Dm သန်နေလည်း မထူးဘူး

ပျော် E7 နိုင်မှာ မဟုတ်ဘူး

Rap [Round Chords as Chorus]

Chorus

MC တိုင်း အလွယ်မရတဲ့ ကာရန်တွေ ငါကြွယ်၀စွာသုံး

သီချင်းစပ်ပြီး ဖွဲ့နွဲ့လောက်အောင် မင်းက ရှယ်လှတာမို့

နှုတ်ခမ်းနီပါးနီ မိတ်ကပ်တွေဘာတွေလည်း ခြယ်သစရာမလို

တိမ်မျှင်ရောင်ကကြိုး အဖြူစင်ဆုံးသစ္စာဆယ်ဘ၀စာဆို

Ending

Am ကျောက်ဖြစ်ရုပ်ကြွင်းတွေလို ထင်ကျန်ချင် မင်း F နဲ့လက်တွဲ

အသက်ထွက်သည့်တိုင် အ Dm ချစ်ကဘ၀တိုင်း

ပေါင်းဖက်ရစေ E7 သား...ဒါ...အဖြူစင်ဆုံးသ (Bm) စ္စာ....

Ending

:|| Am ___ | F ___ | Dm ___ | E7 ___ ||:

‎

\ FINE \

More from G Fatt