တိမ်မျှင်ရောင်ကကြိုး
Tein Hmin Yaung Ka Kyoe
G Fatt Key: Bbm
4 chords in this song
Intro
:|| Bbm ___ | Gb ___ | Ebm ___ | F7 ___ ||:
Verse 1
Bbm ဟိုးဝေလီဝေလင်း အိမ်အပြင်မြင် Gb ကွင်း မြူခိုးလေးများမြင်
ရင်ခုန်စွာ သီ Ebm ချင်းလေး သီဆိုနေရင်းလေ
မင်းအနောက်ကို F7 လိုက်ဖို့ အထုပ်အပိုးလေးတွေပြင်
Bbm စိုးရိမ်နေတယ် အချစ် အဖေအမေတွေ နိုး Gb သွားမှာကြောက်နေ
မင်းမျက်နှာ Ebm တစ်ရွာထင် အချစ်နဲ့ဆို ကမ္ဘာအပြင်
အဆုံးထိအောင် လိုက် F7 ခဲ့မယ့်သူပါရှင့်
Chorus
Chorus
Bbm တိမ်မျှင်ရောင်ကကြိုး လေ Gb နှင်ရာပါလို့
ရင် Ebm ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုန် နင် F7 ထွေးဖက်ထားပါဦး
သက် Bbm တန့်ကြီးတွေကို ခိုကာ Gb စီးပြီးသွားမယ် အဝေးဆုံး
Ebm နဂါးငွေ့တန်းတွေပေါ်မှာဆုံရင်း ကြယ် F7 တာရာတွေ မင်းခူးဆွတ်ပေးဦး
Rap [Round Chords as Chorus]
Chorus
ဟိုးမှာကြည့်လိုက်စမ်း စပါးပင်တွေ လေယူရာလွှင့်
အေးချမ်းတဲ့ အရိပ်တစ်ခုခု ရှာနားကြမယ် နေပူလာရင်
သတ်ရင်လည်းမခွဲဘူး စိတ်ချသေအတူပါပင် ပုဝါမကူ ရေမရှူပါ အချစ်
အဲ့လိုဖြစ်စေသူကမင်း မင်းအလှက တစ္ဆေတစ်ကောင်လို ကျောချမ်းစေ
မှိုင်းပြပြ တောတန်းတွေကိုကြည့်ရင်း အမောအပန်းဖြေကာ အနမ်းခြွေ
ကြင်နာစွာ ပွေ့ဖက်ထားရတာ လူကိုသဘောအရမ်းတွေ့
အခုလိုဖီးလ်ကို ဘယ်အရာတွေနဲ့လဲနိုင်မှာလဲ ပြောစမ်းဟေ့
မကြာခင်ဆို မင်းမိဘတွေ စိတ်ပူလောက်ရော့မယ်
မြို့ပြကဗေဒင်တွေလို နိမိတ်ရည်ကောက်တော့ အလွဲ
မကြောက်တော့နဲ့ မင်းအတွက်ငါ အဆင်းအတက်များတဲ့
လောကထဲ နင်းဖြတ်မှာ ကတိတွေပေးရင်း ညဉ့်နက်လာ
ယုံချင်ယုံ မယုံချင်နေပေါ့ အိပ်ရာဝင်ပုံပြင်တွေပြော
ထုံကျင်နေသော အရသာကိုပဲ ငါခုံမင်နေတော့
လိုအပ်ရင် အသက်ပါယူ မင်းကလွဲ ဘာမှမမက်ပါဘူး
ဒီတစ်ညလုံး အိပ်စက်ဖို့ ကမ္ဘာကိုကျောခင်း ငါမင်းဆီမျက်နှာမူ
Chorus
Chorus
Bbm တိမ်မျှင်ရောင်ကကြိုး လေ Gb နှင်ရာပါလို့
ရင် Ebm ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုန် နင် F7 ထွေးဖက်ထားပါဦး
သက် Bbm တန့်ကြီးတွေကို ခိုကာ Gb စီးပြီးသွားမယ် အဝေးဆုံး
Ebm နဂါးငွေ့တန်းတွေပေါ်မှာဆုံရင်း ကြယ် F7 တာရာတွေ မင်းခူးဆွတ်ပေးဦး
Music
| Bbm ___ | Gb ___ | Ebm ___ | F7 ___ |
Rap [Round Chords as Chorus]
Chorus
မိုးထိလု တောင်ဆီမှာပေါ့ နံနက်ခင်းရောင်ခြည်လာတော့
ငါတို့နှစ်ယောက်အိပ်ရာထချိန် ကျေးငှက်တို့ လှောင်ရယ်ကာအော်
ကောင်းကင်က အပြာရောင်၀တ်စုံတစ်ထည် ဆင်မြန်းထား
တိမ်တွေက မတည်မြဲတဲ့သဘောကို ပြောပြ ဒါလောကသင်ခန်းစာ
ရွှင်လန်းစွာနိုးထရင်း ညည်းတွားမိတယ် ရိုးရာသီချင်း
ဟိုးမှာမြင်လား ပင်လယ်ပြင် ဝေးကွာခဲ့ပြီ မြို့ပြနှင့်
ထွက်ခဲ့တဲ့ အချစ်ခရီးမှာ စေတနာတွေ ရေစီးကမ်းပြို မြစ်ကြီးအလား
မနက်စာအတွက် ငါခူးလာခဲ့ပြီး သစ်သီးများ
ငါ့အတွက် မလိုပါဘူး မင်းပဲ အားရှိအောင် ၀မ်းစာဖြည့်
ပင်ပန်းတာတွေလည်းများနေပြီမို့ ဂရုစိုက်ပါ ကျန်းမာရေး
ဒုက္ခသမုဒ္ဒရာ လက်ပစ်ကူးဆဲ အခုချိန်ထိ ကမ်းကမတွေ့
သို့ပေမယ့် အားမလျှော့ပါနဲ့ ကျုပ်မှာကိုယ်ပိုင်အစွမ်းစအပြည့်
ဟေး ပြောဖူးတဲ့ တစ်ခါကစကားလိုမျိုးပဲ အချစ်မှာ
ပကာသနများမလို ထာ၀ရဘုရားနဲ့ သဘာ၀တရားကို ကိုးကွယ်
မာနများဆို ချိုးဖဲ့ မထားပါနဲ့လား အငြိုးအတေးတွေ
အဖြူထည်သက်သက် ချစ်ပါကွာ အပြန်လှန်အရောင်တွေ မဆိုးကြေးလေ
Chorus
Chorus
Bbm တိမ်မျှင်ရောင်ကကြိုး လေ Gb နှင်ရာပါလို့
ရင် Ebm ခွင်တစ်စုံဟာ တလှပ်လှပ်နဲ့ခုန် နင် F7 ထွေးဖက်ထားပါဦး
သက် Bbm တန့်ကြီးတွေကို ခိုကာ Gb စီးပြီးသွားမယ် အဝေးဆုံး
Ebm နဂါးငွေ့တန်းတွေပေါ်မှာဆုံရင်း ကြယ် F7 တာရာတွေ မင်းခူးဆွတ်ပေးဦး
Music
| Bbm ___ | Gb ___ | Ebm ___ | F7 ___ |
Rap [Round Chords as Chorus]
Chorus
မင်းကို ခိုးပြေးပြီး နောက်နေ့မနက်မှာ ရန်ကုန်မြို့က
သူငယ်ချင်းတွေလည်း ပြန်အောက်မေ့လျှက်ပါ
စိုးရိမ်လို့မေးပါရစေ မင်းက မြစ်တွေလိုကောက်ကွေ့တတ်လား
သေချာတယ် မင်းမရှိရင် ငါ့ဘဝ သဲကန္တာရလို ခြောက်သွေ့အက်ရှ
Bridge
Bbm ငါလည်း မင်းလိုပါပဲ ဒီဘ၀ထဲ နင် Gb မရှိတော့ဘူးဆို
အတောင်ကျိုးတဲ့ငှက်လို ရှင် Ebm သန်နေလည်း မထူးဘူး
ပျော် F7 နိုင်မှာ မဟုတ်ဘူး
Rap [Round Chords as Chorus]
Chorus
MC တိုင်း အလွယ်မရတဲ့ ကာရန်တွေ ငါကြွယ်၀စွာသုံး
သီချင်းစပ်ပြီး ဖွဲ့နွဲ့လောက်အောင် မင်းက ရှယ်လှတာမို့
နှုတ်ခမ်းနီပါးနီ မိတ်ကပ်တွေဘာတွေလည်း ခြယ်သစရာမလို
တိမ်မျှင်ရောင်ကကြိုး အဖြူစင်ဆုံးသစ္စာဆယ်ဘ၀စာဆို
Ending
Bbm ကျောက်ဖြစ်ရုပ်ကြွင်းတွေလို ထင်ကျန်ချင် မင်း Gb နဲ့လက်တွဲ
အသက်ထွက်သည့်တိုင် အ Ebm ချစ်ကဘ၀တိုင်း
ပေါင်းဖက်ရစေ F7 သား...ဒါ...အဖြူစင်ဆုံးသ (Bm) စ္စာ....
Ending
:|| Bbm ___ | Gb ___ | Ebm ___ | F7 ___ ||:
\ FINE \