ChordMyanmar

မင်းသမီးနဲ့ကျွန်တော်

Min Tha Mee Nae Kywan Taw

G Fatt Key: Bb

Transpose − -9 + Reset

4 chords in this song

Bb
Eb
Cm7
F

Original Key - Bb

Intro

| Bb ___ | Eb ___ | Cm7 ___ | F ___ |

Verse 1 [Round Chords as Intro]

အိပ်ယာထတာနဲ့ လုပ်နေကျအလုပ်တွေ ကျုပ်‌ရှောင်ခွင်းပြီး

သူ့ဆီဖုန်းဆက် မျက်နှာသစ် ပလုတ်တောင်မကျင်းမီ

တစ်ယောက်အပေါ်တစ်ယောက်လည်း နားလည်မှုတွေအပြည့် ချုပ်နှောင်ခြင်းမရှိ

ကျွန်တော်က သာမန်လူပါ သူမက သရုပ်ဆောင်မင်းသမီး

နင်ကံဆိုးတာပဲ နင့်ဘဲက ငရှုပ်ငပွေဖြစ်နေတော့

အဲ့လိုသူ့ဘေးက မင်းသားတချို့ သွားပုတ်လေလွင့်တွေပြော

ကိုယ်မှန်ရင်ပြီးတာပဲ ဘာမှကျုပ်ဖြေရှင်းမနေတော့

နေ့စဉ်တိုင်း အချစ်နွံထဲမှာ ရုန်းလေနစ်လေပေါ့

အမြင်ကပ်တယ် သူ့ကိုကြောင်တဲ့ မော်ဒယ်လ်ကောင်လေးတွေနဲ့

စိတ်မချဘူး မိတ်ကပ်ဆရာ‌ ဂျော်ကယ်အခြောက်ဂေးတွေလည်း

သူ့တစ်ဘဝလုံးပိုင်မယ့်နေ့ကို မျှော်မယ် ဘယ်လောက်ဝေးပါစေကွယ်

လက်ထပ်ခွင့်လေးတောင်းဖို့အတွက်တော့ ကျွန်တော်တကယ်နှောင့်‌နှေးနေတယ်

Pre Chorus

Chorus

Bb ဘာမှငါ့အတွက် စိတ်မချ Eb ဖြစ်မနေစမ်းပါနဲ့

တကယ်ဆို Cm7 အကြင်နာမှန်ရင် အားလုံးဖြတ်ကျော် F နိုင်တယ်

Bb ငါကတော့ နင့်ရဲ့အချစ်ကို အ Eb ကြွင်းမဲ့ပြီးယုံတယ်

အလိုလို သိမ် Cm7 ငယ်စရာတွေ ခေါင်းထဲမတွေးပါ F နဲ့

Chorus

Chorus

ကင်မရာ စ Bb လိုက်မီးရောင်တွေအောက် Eb မှာ

ဟန်ဆောင် Cm7 မှုများကောင်းလည်း မင်းရှေ့ရောက်ရင် ငါ F ရိုးသားတယ်

တီဗွီ Bb ဖန်သားပြင်တွေထက် Eb မှာ အိုင်တင် Cm7 တွေ

အပြည့်ထုတ်လည်း မင်းရဲ့‌ရှေ့ဆို ငါ F ကလေးလေးပဲ

Music

| Bb ___ | Eb ___ | Bb ___ | F ___ |

Verse 2 [Round Chords as Intro]

တခါတလေ ဖုန်းပြောရင် လိုင်းမကောင်းဘူး ပီပြင်စွာမကြား

ဒါကြောင့် ငါ MPT ကိုကျိန်ဆဲတော့ နင်ရယ်ချင်မှာလား

အမြဲစောင့်ကြည့်ပါတယ် သူ့ရုပ်လေး တီဗီအစီအစဉ်မှာပြ

မှတ်မိလား ချစ်သူဖြစ်တဲ့ ၂၄ ရက် ဒီဇင်ဘာလ

အနုပညာဘာသာမှာ ဝါသနာထန်တဲ့ဘွဲ့ ပေးမယ်ဆို

ကျွန်တော့်ချစ်သူ ကမ္ဘာမှာစံပဲ တကယ်

ဒီငတုံးက နားမလည်ဘူး အရာရာဉာဏ်နည်းလည်း

အောင်မြင်မှုဆိုတာ သူမအတွက်တော့ ဗလာမပါကံစမ်းမဲ

အချစ်က ရေတွက်မရတဲ့ မြူမှုန်တွေလား

စိုးရိမ်စိတ်တို့က ဖိုထားတဲ့မီးလို မပူရုံအနေအထား

ဖုန်းဆက်လို့မရတဲ့နေရာတွေ ရောက်လည်း သတင်းတော့ လူကြုံတွေပါး

ငါ့မေတ္တာက မင်းဘဝတလျှောက်လုံး ဖူလုံစေမှာ

Chorus

Chorus

ကင်မရာ စ Bb လိုက်မီးရောင်တွေအောက် Eb မှာ

ဟန်ဆောင် Cm7 မှုများကောင်းလည်း မင်းရှေ့ရောက်ရင် ငါ F ရိုးသားတယ်

တီဗွီ Bb ဖန်သားပြင်တွေထက် Eb မှာ အိုင်တင် Cm7 တွေ

အပြည့်ထုတ်လည်း မင်းရဲ့‌ရှေ့ဆို ငါ F ကလေးလေးပဲ

ရင်ခွင် Bb ထဲ ခေါင်းလေးတိုးပြီး ချွဲရုံ Eb နဲ့

ငါလိုသ Cm7 မျှ အားလုံးမင်းဖြည့်ဆည်းရ F မယ် ဘဝတစ်သက်လုံးစာ (G) ပဲ

Music

| (G) ___ | Eb ___ | Bb ___ | F ___ |

Verse 3 [Round Chords as Intro]

ကဲ Superstar ရယ် ခင်ဗျားလေး ပူဆာသမျှဝယ်

အထက်တန်းမဟုတ်တောင် မနိမ့်စေရဘူး လူတကာဘဝထက်

စိတ်ကောက်ရင် အရှုံးပေးလို့ အလံဖြူငါပြမယ် ငြိမ်းချမ်းခြင်းတွေကို

အတူရှာကြမယ် လွမ်းရတဲ့အချိန်တွေကို အမုန်းဆုံးပဲ

ဘဝမှာ နိမိတ်မရှိ နမာမရှိ ငါသုံးနှုန်းတဲ့စကားက နင့်ကိုဆုံးရှုံးခဲ့ရမှာ

တွေးမိရုံနဲ့ စိတ်ဒုက္ခရောက် အိပ်ရာထဲ ဘုံးဘုံးလဲသွားတာ

ဗေဒင်နက္ခတ်တွေကို မလေ့လာတတ်လို့ တကယ်ဆို

အရမ်းပဲ ကြိုသိချင်တယ် ရှေ့အနာဂတ်ကို

ဘဝက ရုပ်ရှင်လိုမဟုတ်တော့ အသည်းယားခေါင်းစားပြီး

ဇာတ်သိမ်းခန်းရောက်ရင် ကွဲမလားပေါင်းမလားမသိ

Chorus

Chorus

ကင်မရာ စ Bb လိုက်မီးရောင်တွေအောက် Eb မှာ

ဟန်ဆောင် Cm7 မှုများကောင်းလည်း မင်းရှေ့ရောက်ရင် ငါ F ရိုးသားတယ်

တီဗွီ Bb ဖန်သားပြင်တွေထက် Eb မှာ အိုင်တင် Cm7 တွေ

အပြည့်ထုတ်လည်း မင်းရဲ့‌ရှေ့ဆို ငါ F ကလေးလေးပဲ

ရင်ခွင် Bb ထဲ ခေါင်းလေးတိုးပြီး ချွဲရုံ Eb နဲ့

ငါလိုသ Cm7 မျှ အားလုံးမင်းဖြည့်ဆည်းရ F မယ် ဘဝတစ်သက်လုံးစာ (G) ပဲ

Bridge

ခေါင်းလေး (G) တိုးပြီး ချွဲတော့ကွာ ဘယ်လောက်ပဲဖြစ်ဖြစ်

ဖြည့် Eb ဆည်းပေးမယ် ကပ်စီးတွေမနည်းတော့ပါ နောက်လည်း

ဘ Bb ဝကို ရင်ဆိုင်ဖို့ သရဲဘောကကြောင်သတဲ့

အဲ့ F လို ကျွန်တော့်ကို သူအမြဲပြောကာလှောင်တယ်

အတူတူ လျှောက် Bb လည်ခဲ့တဲ့ ဘန်ကောက်မြို့က

ပျော် Eb စရာကောင်းတဲ့ အချိန်တိုင်း ပြန်ဖျောက်လို့မရ

ည Cm7 အိပ်ရာဝင်တိုင်း အမှတ်တရတွေ အမြဲတွေးနေလို့

F မင်းရော မှတ်မိသေးလား အဲ့နေ့တွေကို

Ending

| Bb ___ | Eb ___ | Bb ___ | F ___ |

More from G Fatt