မင်းမကြားနိုင်တော့သော
Min a kyar naing tot thaw
3 chords in this song
INTRO
G#m E G#m E
VERSE
G#m ငါ့အစ်ကိုတမျိုးတ F# ဆွေလုံးမှာငါအဆိုးပေဆုံး
မင်း E ခေါ်သွားမှပဲ ရောက်ခဲ့ဖူးတာပဲ အဲ့ Hip-hop Show တွေကို
ပြန် G#m ရောက်ရင်ပိုးမသေ rhyme တွေ F# ရှာ Flow တွေထုတ်
ငါတို့အတူ E အိပ်တဲ့ဖျာကြမ်းလေးမှာဂျပိုးတွေထိုးတစ်ခါတစ်လေမိုးတွေယို
G#m ဗလာစာအုပ်တွေအပေါ် ငါ့ Rhyme တွေ F# သွန်ချခဲ့တယ်
အခန့်မသင့်ရင် E မူးယစ်ဆေးနွံထဲတွေဘာတွေကျွံကျမယ့်အရွယ်
မင်းညွှန်ပြ G#m တဲ့တည့်တည့်ကိုရောက်ဖို့မင်း F# ပေးတဲ့ခွန်အားနဲ့ပဲ
E သူရဲဘောကြောင်တာလွန်လှတဲ့မင်းညီဟာစွန့်စားရဲခဲ့တာ
အဲ့ဒီ G#m နောက်ငါတို့မိသားစုလေးအ F# သက်ရှူချောင်ခဲ့ပြီ
အဖေ့ရဲ့ E တာဝန်တွေကိုငါ့ရဲ့ပုခုံးပေါ်ဆက်ယူဆောင်တဲ့အထိ
မင်းရဲ့ G#m အဆင်မပြေမှုတွေအတွက်မင်း F# ဘေးမှာထပ်တူပေါက်ကွဲပြီး
အရက်အတူ E သောက်နားထောင်ပေးမယ့်သူဆိုလို့မြတ်သူတစ်ကောင်တည်းရှိတာ
ပင်လယ် G#m တင်မကမြေပြန့်နဲ့တကွတောင် F# တန်းတွေအထိငါတို့ခြေဆန့်ခဲ့ကြ
E အခုဘယ်လိုက်ရှာရမှာလဲငါမင်းကိုအသေလွမ်းတဲ့အခါ
G#m ကမ္ဘာကြီးပေါ်မှာငါတို့အတူ F# ဆိုးမိုက်ပေကမ်းခဲ့သမျှ
E အမှတ်တရတွေမေ့ပစ်လိုက်ပြီလားငါ့ကိုဖြေစမ်းလှည့်ပါ။
CHORUS
G#m မင်းဟာအ F# ငွေ့ပျံပျောက်ဆုံး E သွားပေါ့ငါဘာမှမတတ်နိုင်ခဲ့ဘူး
G#m ငါ့အစ်ကိုငယ်ငယ်တုန်း F# ကငါရူးသွပ်သမျှကို
E ယုံကြည်ပေးခဲ့တာကျေးဇူး G#m ငါ့အစ်ကို
အသက်ရှူမ F# ရတာသေချာတော့ E မှမင်းလက်လျှော့သွားတာ
မဟုတ်လား G#m ငါ့အစ်ကိုထွက်သွား F# စမ်းကွာဟိုးအဝေး E ကြီးကို
ငါသီချင်းလေးတစ်ပုဒ်ညည်းနေ G#m မလို့
ငါသီချင်း F# လေးတစ်ပုဒ်ညည်းနေ E မလို့
မင်းရောက်ရာအရပ်ကနားဆင် G#m ဦး
ငါသီချင်း F# လေးတစ်ပုဒ်ညည်းနေ E မလို့
မင်းရောက်ရာအရပ်ကနားဆင် G#m ဦး
ငါ့အစ်ကိုပြန်မ F# ရနိုင်တော့ပါဟိုးတစ်ခါဘဝတွေ
E မင်းအိမ်ကိုခိုးလာရတဲ့ရိုးရာညတွေ
မင်းအဆုတ်ရဲ့အ G#m ခြေအနေဟာတဖြည်းဖြည်းချင်းပို F# ဆိုးလာသမျှလေ
မင်းဟာ E ဘယ်မှမသွားနိုင်တော့အောက်ဆီဂျင်အိုးရဲ့ကြိုးအကွာကနေ
G#m ငါ့အစ်ကိုဆေးတွေဟာ F# မင်းကိုကယ်ဖို့မစွမ်းတော့ပါ E လား
တီမျိုးရဲ့အခန်းလေးကအစအရာအားလုံးဟာလွမ်းမောစရာ G#m ကွာ
မင်းဟာအရမ်းမောလာပြီး F# အသက်မရှူတော့ကြောင်းလှမ်း E ပြောလာကြချိန်
ငါမင်းဆီအပြေးလာပေမယ့်မင်းအသက်ဟာတန်းမျောပါ G#m သွားခဲ့ပြီ
ရန်ကုန်ဟာအ F# ပြင်းအထန်မိုးသည်းငါလည်း E ငိုချင်စိတ်ကိုအံကြိတ်ပြီးတော့တင်းခံလို့ရယ်
မင်းမရှိတော့ G#m ခြင်းဆိုတာကိုငြင်းဆန်ဖို့ F# မလွယ်ဒီအခြေအနေဆိုးတွေဟာ
ဘယ်လို E ပုံဘယ်လိုအဆင်းသဏ္ဌာန်မျိုးနဲ့မင်းအပေါ်လာနင်းကန်အငြိုးဖွဲ့
G#m စည်ငါတို့ညီအစ်ကိုတွေ F# ဘဝခြားခဲ့ပြီ
အရင်က E တစ်ခုခုဆိုမင်းဆီအရင်ရောက်အောင်လာကြွားတဲ့ညီဟာ
မင်းထွက် G#m သွားတော့မယ့်အဲ့ဒီနောက်ဆုံး F# ဈာပနရဲ့ခရီးမှာ
မင်းခ E န္ဓာကိုယ်ကိုသဂြိုဟ်ပေးခဲ့တာပြာကျတဲ့အထိ
CHORUS
G#m မင်းဟာအ F# ငွေ့ပျံပျောက်ဆုံး E သွားပေါ့ငါဘာမှမတတ်နိုင်ခဲ့ဘူး
G#m ငါ့အစ်ကိုငယ်ငယ်တုန်း F# ကငါရူးသွပ်သမျှကို
E ယုံကြည်ပေးခဲ့တာကျေးဇူး G#m ငါ့အစ်ကို
အသက်ရှူမ F# ရတာသေချာတော့ E မှမင်းလက်လျှော့သွားတာ
မဟုတ်လား G#m ငါ့အစ်ကိုထွက်သွား F# စမ်းကွာဟိုးအဝေး E ကြီးကို
ငါသီချင်းလေးတစ်ပုဒ်ညည်းနေ G#m မလို့
ငါသီချင်း F# လေးတစ်ပုဒ်ညည်းနေ E မလို့
မင်းရောက်ရာအရပ်ကနားဆင် G#m ဦး
ငါသီချင်း F# လေးတစ်ပုဒ်ညည်းနေ E မလို့
မင်းရောက်ရာအရပ်ကနားဆင် G#m ဦး
VERSE
G#m ခွင့်လွှတ်ပါကွာငါ F# မင်းဆီအမြဲလာမလည်နိုင်ခဲ့တာ
E အထီးကျန်ခြင်းတွေသာမင်းရင်ဘတ်မှာအနည်ထိုင်ခဲ့ရ
G#m ကံတရားနဲ့တော့ဒါ F# ဘယ်ဆိုင်မလဲကွာ
ငါ့မှာသာ E ပိုက်ဆံတွေအများကြီးရှိရင်ငါမင်းကိုကယ်နိုင်ခဲ့မှာ
G#m လူတိုင်းက F# ပစ်ပယ်ကြလို့သိမ်ငယ်ရ E လို့ ..
ငါ့ဆီရင်ဖွင့်စရာလည်းမင်းမလိုတော့ဘူး G#m ပေါ့
လူတိုင်းကို F# စောင့်မျှော်ရတဲ့ကုတင်ပေါ်က E နေ
အသက်ကိုလုရှူဖို့လည်းမလိုတော့ဘူး G#m နော်
လူတိုင်းက F# ပစ်ပယ်ကြလို့သိမ်ငယ်ရ E လို့
ငါ့ဆီရင်ဖွင့်စရာလည်းမင်းမလိုတော့ဘူး G#m ပေါ့
လူတိုင်းကို F# စောင့်မျှော်ရတဲ့ကုတင်ပေါ်က E နေ
အသက်ကိုလုရှူဖို့လည်းမလိုတော့ဘူး G#m နော်
မင်းသိပ် F# ချစ်ရတဲ့အဆိုတော်ရူး E ပေါ့
မင်းသိပ်ချစ်ရတဲ့အဆိုတော်ရူး G#m ပေါ့
မင်း F# သိပ်ချစ်ရတဲ့အဆိုတော်ရူး E ပေါ့
Source: musiburma