ငှက်
Hnget
G Fatt Key: A#
3 chords in this song
Original Key - E
Chorus 1
Chorus
Dm တောင်တန်းတွေ C ပေါ်မှာရှိတဲ့ တိမ် A# တိုက်ရဲ့ အရိပ်လိုမျိုး
ငါအချစ် Dm က နင်အဝေးက C ကြည့်မှ တွေ့နိုင် A# လို့
မုန်းတိုင်းတွေ Dm ထန် လေတွေ C ကြမ်းလည်း
အတူတူ တစ် A# ကိုင်းတည်း နားမယ်ဆို
အခုကြ Dm တော့ ဒီစကားများ ဘယ် C သူ့အတွက် ဖြစ်နေ A# တုန်း
Rap [ Round Chords as Chorus ]
Chorus
G Fatt ရယ်လို မအောင်မြင်ခင် ကာလတစ်ခုက
ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း ဘ၀က ဘာမှမထူးခြား
ငါကအရူးပါ တစ်ခါကဖူးစာရှင် မိန်းကလေးကြောင့် ဘ၀ပြာကျဖူးတာ
နင်လည်းငါ့လို လွမ်းနေမှာပဲ မဟုတ်လား မညာရဘူးကွာ
ရန်ဖြစ်တိုင်း လမ်းခွဲမယ်ပြောတော့ သူကြေကွဲပြန်တော့
ကျွန်တော်ပဲ မနေနိုင်မထိုင်နိုင် အသေအလဲ ပြန်ချော့
ခေါင်းကို ရေရွဲမခံသော သူကို မိုးရေအတင်း ချိုးခိုင်းပြီး
လမ်းမှာတွေ့သမျှ ဗွက်အိုက်တွေ ခြေနဲ့ကန်ဆော့
သေချာတယ် နောက်နေ့ဆို သူဖျားတော့တာပဲ
သူဖျားတဲ့အကြောင်း သူမိဘတွေကိုလည်း ငါသွားမပြောပြရဲ
နှာစီးချောင်းဆိုးကလွဲလို့ မရှိပါ တခြားရောဂါလည်း
ဒီသီချင်းကို စပ်မိတော့ လက်ရှိငါ့ချစ်သူကို အားတော့နာရဲ့
Chorus 2
Chorus
အတောင် Dm အလက်တို့ စုံလာ C တော့ ဒီရင်ဘက် နင် A# ကန်ထွက်သွားခဲ့ဦး
ငါဟာ Dm ဝမ်းနည်းလွန်းလည်း အား C တင်းပြီးတော့ ပြုံး
ဟို Dm အဝေးဆုံးကို C မြင်ဖို့ အမြင့်ဆုံး ပျံ A# သွားတဲ့ အချစ်ဆုံး
နင်အိမ်တန်း Dm တက်မယ်နေ့ အ C ခုထိ စောင့်နေ A# တုန်း
ငါတို့ငှက်တွေ Dm လို ဝိုး.. C အိုး..ငါတို့ A# ငှက်တွေလို
ငါတို့ Dm ငှက်တွေလို ဝိုး.. C အိုး..ငါတို့ A# ငှက်တွေလို ဝိုး အို ဝိုး
Rap [ Round Chords as Chorus ]
Chorus
ဒီသီချင်းကို သုံးမိနစ်လောက် အချိန်ပေးပြီး နင်နားဆင်လှည့်ပါ
အရင်က နင်သွားချင်တဲ့နေရာတွေကို လိုက်ပို့ဖို့ ငါ့မှာအားအင်နည်းပါး
အလုပ်တွေပိပြီး အိပ်မပျော်စားမဝင်တဲ့ ဘ၀ ကျွန်မချစ်သူက ပညာတတ်ဆိုပြီး
နင်ကြွားချင်ခဲ့မှာ ငါသိတယ် ဒါပေမယ့် ဒီဂီတက ငါရဲ့ဘုရားစင်ပဲကွာ
အနုပညာရှင် တော်တော်များများက အောင်မြင်လာရင် ခြေရှုပ်တတ်လို့တဲ့
ကျွန်တော်ကျော်ကြားသွားမှာ စိုးရိမ်မိတယ်တဲ့ စော်စော်ကားကားကွာ
ငါမက်တာ ဂုဏ်တွေငွေတွေ မော်တော်ကားများမပါ လက်ခုပ်သံတွေနဲ့ ပျော်ပျော်ပါးပါး ဘဝ
ငါ့နာမည်ပါတဲ့ Show Board တွေ မြင်ရင် နင်လွမ်းနေမလားဆိုတဲ့ စိတ်နဲ့ မိုးချုပ်နေဝင်
အိုးပုတ်ချိုးရုပ်တွေနှင့် ဆော့ကစားခဲ့တုန်းက ပေးခဲ့တဲ့
ကတိအတိုင်း တစ်သက်လုံး အပျိုကြီးလုပ် အရိုးထုတ်စေချင်
Chorus 1
Chorus
Dm တောင်တန်းတွေ C ပေါ်မှာရှိတဲ့ တိမ် A# တိုက်ရဲ့ အရိပ်လိုမျိုး
ငါအချစ် Dm က နင်အဝေးက C ကြည့်မှ တွေ့နိုင် A# လို့
မုန်းတိုင်းတွေ Dm ထန် လေတွေ C ကြမ်းလည်း အတူတူ တစ် A# ကိုင်းတည်း နားမယ်ဆို
အခုကြ Dm တော့ ဒီစကားများ ဘယ် C သူ့အတွက် ဖြစ်နေ A# တုန်း
Chorus 2
Chorus
အတောင် Dm အလက်တို့ စုံလာ C တော့ ဒီရင်ဘက် နင် A# ကန်ထွက်သွားခဲ့ဦး
ငါဟာ Dm ဝမ်းနည်းလွန်းလည်း အား C တင်းပြီးတော့ ပြုံး
ဟို Dm အဝေးဆုံးကို C မြင်ဖို့ အမြင့်ဆုံး ပျံ A# သွားတဲ့ အချစ်ဆုံး
နင်အိမ်တန်း Dm တက်မယ်နေ့ အ C ခုထိ စောင့်နေ A# တုန်း
ငါတို့ငှက်တွေ Dm လို ဝိုး.. C အိုး..ငါတို့ A# ငှက်တွေလို
ငါတို့ Dm ငှက်တွေလို ဝိုး.. C အိုး..ငါတို့ A# ငှက်တွေလို ဝိုး အို ဝိုး
Music
| Dm _ C _ | A# ___ | Dm _ C _ | A# ___ |
Rap [ Round Chords as Chorus ]
Chorus
မင်း ငါရဲ့မျက်ကွယ်နေရာလည်း ဘယ်တော့မှ ရှောင်မပြေးစေဖို့
မင်းဘေးမှာ ကပ်တွယ်နေမှာပဲ မင်းချစ်တဲ့ ကြောင်လေးတွေလို
ငါရဲ့နောက်ကွယ် နေရာလည်း ဘယ်တော့မှ မရှောင်ပြေးစေဖို့
မင်းဘေးနား ကပ်တွယ်နေမှာပဲ မင်းချစ်တဲ့ ကြောင်လေးတွေလို
မင်းကိုကျောမှာပိုး ပျံသန်းကာ ဒိုးမယ် သိန်းငှက်ကြီးသဖွယ်
ဟိုကောင်းကင်ထက် တိမ်ကြားကို သွားမယ်လို့ ငါမလိမ့်တပတ် ရွှီးတယ်
တစ်ယောက်တည်း စိတ်ကူးယဉ်မိ နင်မရှိတော့ဘူး ဒီအိပ်မက်ခရီးထဲ
ပြန်ခဲ့ပါတော့ အချစ်ဆုံးရယ် ငါတို့တွေအရင်လို စက်ဘီးပတ်စီးမယ်
Ending
| Dm _ C _ | A# ___ | Dm _ C _ | A# ___ |
\ FINE \