အဝေးပြေးလမ်းမ
A Way Pyay Lan Ma
G Fatt Key: Bbm
4 chords in this song
Intro
| Bbm ___ | Gb ___ | Db ___ | Ab ___ |
Chorus
Chorus
Bbm အဝေးပြေးလမ်းမကြီးမှာ ရင်ခုန်သံတွေ Gb ပြန့်ကြဲပြီး ထွက်ခွာခဲ့တာ
ရန်ကုန်အပြန်မှာ အ Db လွမ်းများက ထိန်းမရ မန္တလာမြေက အ Ab မှတ်တရနေ့ကလေးများ
Bbm ဒီအဝေးပြေးလမ်းမကြီးမှာ မိုင်တိုင်တွေက ငါ Gb တို့နှစ်ယောက်ကိုခြားနား
လေယာဉ်ပျံတွေလို မင်း Db ရှိရာအရပ် ဖြတ်သန်းပြီးမလာတတ်
Ab စိတ်ဒုက္ခရောက်တယ်ကွာ မင်းသိရဲ့လား
Rap [ Round Chords as Chorus ]
Chorus
နင်မြင်ဖူးနေသမျှ ခပ်ညံ့ညံ့ကောင်တွေနဲ့ ငါနဲ့ယှဉ်ရင်ရူးနေမှာ
နင်အချစ်ကိုရဖို့ ခွင်ဆင်ထုခြေလွှာတွေ မတင်ချင်ဘူးလေကွာ
ငါမျက်နာမြင်ရတဲ့ နင့်သူငယ်ချင်းဆိုတဲ့ ခင်မင်မှုတွေကြား
သူတို့က ငါ့ထက်ပိုချစ်တယ်ပေါ့ တကယ်တော့ ရင်ခွင်အတုတွေပါ
အဲ့ကောင်တွေကို လိုတာထက်ပိုဂရုစိုက်ပြတာတွေ ရှောင်ရှားစေဖို့
ပြောတော့ အထင်မလွဲပါနဲ့တဲ့ ဖြူစင်တဲ့ မောင်နှမတွေမျိုး
ဆင်ခြေဆင်လက်တွေက ငါ့ခံစားချက်တွေကို လှောင်ပြနေသလို
သံသယက မီးလိုပူလည်း မေတ္တာကတောင်ကျရေမျိုး
သူမကအရာရာပြည့်စုံတယ် ကျုပ်ရုန်းကန်ရတာ လူ့နှိမ်ဘဝနဲ့
အတိတ်ကိုမမေ့နိုင်လို့ အနာဂတ်ကိုတွေးတိုင်း အခုချိန်အားငယ်
ရောဂါကကျွမ်းနေပါပြီ ကုချိန်မရခဲ့
မန္တလေးရောက်ရင် မသွားတော့ဘူး သူ့အိမ်နားနဲ့
လမ်းအတူလျှောက်ဖူးတဲ့ ဦးပိန်တံတားလည်း
Chorus
Chorus
Bbm အဝေးပြေးလမ်းမကြီးမှာ ရင်ခုန်သံတွေ Gb ပြန့်ကြဲပြီး ထွက်ခွာခဲ့တာ
ရန်ကုန်အပြန်မှာ အ Db လွမ်းများက ထိန်းမရ မန္တလာမြေက အ Ab မှတ်တရနေ့ကလေးများ
Bbm ဒီအဝေးပြေးလမ်းမကြီးမှာ မိုင်တိုင်တွေက ငါ Gb တို့နှစ်ယောက်ကိုခြားနား
လေယာဉ်ပျံတွေလို မင်း Db ရှိရာအရပ် ဖြတ်သန်းပြီးမလာတတ်
Ab စိတ်ဒုက္ခရောက်တယ်ကွာ မင်းသိရဲ့လား
Rap [ Round Chords as Chorus ]
Chorus
သေချာကြားရအောင်လို့ နင့်စပီကာကို အသံကုန်ချဲ့ထားပါ
တကယ်ဆို နှုတ်ဆက်ချိန်မှာ ငါပြောချင်တာ ပြန်ဆုံမယ့်စကားများ
မိုင်ပေါင်း ၄၀၀ ကျော် မန္တလေးနဲ့ရန်ကုန်ရယ် ခြားနား
နောက်ကွယ်မှာ ရှုပ်မယ်လို့မထင်နဲ့ ကျုပ်ကခြံမခုန်တဲ့နွားပါ
နင်ကျုံးဘေးမှာ လွမ်းနေလားဆိုပြီး ငါအင်းယားကန်ဘောင်မှာ ငေါင်နေတာ
မဟာမြတ်မုနိ အတူပြန်ဖူးချင်ကြောင်း ဆုတောင်းတယ် ရွှေတိဂုံအောင်မြေမှာ
ပြင်ဦးလွင်ပန်းမြို့တော် တောင်လှေကား ငြိမ်းချမ်းလွန်းတဲ့ဒေသတွေ
မင်းနဲ့အတူတူသွားချင်တဲ့စိတ်က မသေရုံတမယ်အနေအထားဟေး
ချစ်သူမဖြစ်ချင်ဘူး ပရိတ်သတ်တစ်ယောက်လိုပဲ အားပေးချင်တာတဲ့
သူအဲ့လိုပြောရင် ကျွန်တော်နားလေးချင်တာတကယ်
ငါ့သူငယ်ချင်းအဆိုတော်စုံတွဲတွေရဲ့ မျက်နှာတွေကို သွားပြေးမြင်လာတယ်(Yeah)
ကျုပ်ကဘဝကို လောင်းကြေးထပ် ရှုံးမယ့်အချပ်ကိုင်ပြီး ဖဲပွတ်နေသူ
ခင်ဗျားက သိသိရက်နဲ့အနိုင်ပိုင်း အလည်လာတဲ့နှလုံးသားအပေါ်မှာ ဧည့်ဝတ်မကျေဘူး
Chorus
Chorus
Bbm အဝေးပြေးလမ်းမကြီးမှာ ရင်ခုန်သံတွေ Gb ပြန့်ကြဲပြီး ထွက်ခွာခဲ့တာ
ရန်ကုန်အပြန်မှာ အ Db လွမ်းများက ထိန်းမရ မန္တလာမြေက အ Ab မှတ်တရနေ့ကလေးများ
Bbm ဒီအဝေးပြေးလမ်းမကြီးမှာ မိုင်တိုင်တွေက ငါ Gb တို့နှစ်ယောက်ကိုခြားနား
လေယာဉ်ပျံတွေလို မင်း Db ရှိရာအရပ် ဖြတ်သန်းပြီးမလာတတ်
Ab စိတ်ဒုက္ခရောက်တယ်ကွာ မင်းသိရဲ့လား မင်းသိရဲ့..လား...
Ending
:|| Bbm ___ | Gb ___ | Db ___ | Ab ___ ||: