ChordMyanmar

အဖြူအစိမ်း

A Phyoo A Sein

G Fatt Key: Ab

Transpose − -4 + Reset

5 chords in this song

Ab
Fm
Db
Bbm
Eb

Intro

:|| Ab ___ | Fm ___ | Db ___ | Bbm _ Eb _ ||:

Rap 1 [Round Chords as Intro]

အဖြူနဲ့အစိမ်းကို ဝတ်ဆင်လို့ မနက်စောစော သူနဲ့ချိန်းဆို

ကျောင်းကို အတူကွာလှိမ့်စို့ မင်းရဲ့အိမ်စာတွေလည်း လုပ်ပေးထားတယ် တစ်ညလုံးငါ

ဒါဟာ ကျွန်တော့်ရဲ့ ရှစ်တန်းကျောင်းသား ဘဝတုန်းက အလှဆုံးကဗျာ

အိပ်ယာထနောက်ကျလို့တဲ့ အိမ်ကိုဝင်ပြီး အမြဲနှိုးပါတယ်

အခင်ဆုံးသူငယ်ချင်းတွေမို့ ငါတို့ကို ဘယ်သူတွေခွဲလို့ရမလဲ

ယောက်ျားလေးသူငယ်ချင်းတွေတော့ ငါ့မျက်စိရှေ့တွဲလို့မလာနဲ့

သူဘာသူ ဘာကောင်ဖြစ်ဖြစ် မသိဘူး ကျုပ်က ဆွဲထိုးမှာပဲ

အမြဲအရှိုးရာပဲ ထင်နေတယ် ငါ့ရဲ့တင်ပါးမှာ

ဆရာမသင်ကြားသမျှ ဩဝါဒတွေလည်း ကြားရပါများတော့ ယဉ်ပါးလာ

နင်ကငါ့ကမ္ဘာ ငါကနင့်ဘဝလို့ အမြဲတမ်းထပ်တူကျချင် ချစ်သူလို

ရည်းစားလို့ပေါ့ စိတ်ကူးယဉ်တိုင်း အသက်ရှုမဝဖြစ်

မုန့်စားကျောင်းဆင်းချိန်ဆို မင်းဘေးနားလာ ထမင်းအတူစားမယ်

ထမင်းစားရင်း ငါနောက်တော့ စိတ်ဆိုးပြီး နှုတ်ခမ်းကိုအတင်းစူထားတယ်

စိတ်ဆိုးရင်း ရန်ပြန်တွေ့ စာမကျက်တဲ့ကောင်မို့ အပျင်းထူလှသတဲ့

အရမ်းကိုမုန်းတယ်ပြော ဟန်ဆောင်စကားတွေနဲ့ မင်းမုသားကြွယ်

Chorus

Chorus

Ab နင်ကမိုးကောင်းကင်ယံက လမင်းကြီး Fm ဆို

Db ငါက အိုင်ထဲက ဒီလရဲ့အရိပ်ကို ‎ Bbm မျှားမိတဲ့ လူ Eb လို

ရူးသွပ်နေ Ab လို့ စွဲလန်းနေလို့ အသင်္ချေတဲ့ ‎ Fm အလင်းတန်းများ ကွာခြားဦး

မိုင်တွေ Db အဝေးကြီး ဝေးပါစေဦး ‎ Bbm ငါပျံသန်းခဲ့ပါ့မယ် မင်း Eb လေးရှိရာ Ab ကို

Rap 2 [Round Chords as Intro]

အသက်တစ်နှစ်ကြီးလာပြီ ရှစ်တန်းအောင်လို့ ကိုးတန်းတက်ခဲ့

ကျွန်တော်က သူ့ဘေးနားကပ်တဲ့ ကောင်တွေနဲ့ ရန်တွေဖြစ် ဆိုးသွမ်းလျက်ပဲ

ဝန်ခံကတိလက်မှတ်ထိုး ဆရာမရှေ့ လက်ကိုပိုက်လျှက်ပေါ့ကွာ

သူ့အပေါ် သံယောဇဥ်က သူငယ်ချင်းအမည်နဲ့ မလိုက်ဖက်တော့ပါ

အတန်းထဲမှာ လူလစ်တုန်းလေး ချစ်တယ်ပြောရင်း အဖြေပြန်တောင်းတယ်

မှတ်ထားစမ်းပါ ကျုပ်ကမင်းအတွက် အစေခံ အခြွေရံတစ်ယောက်ပဲ

မင်းကအပြစ်ပေးမယ်ဆို မမှုပါဘူး ငါသေဒဏ်လောက်လည်း

ပေါက်ကရတွေပြောတယ်ဆိုပြီး အခေါက်ခံရတယ် ပေတံစောင်းနဲ့

အပူပင်ကင်းတဲ့အရွယ် ပိုင်ဆိုင်တာ ဖြူစင်ခြင်းပဲ

ရည်းစားဘဝရောက်ပြန်တော့ ငါမသွားရဲပါဘူး လူမြင်ကွင်းထဲ

ကျူရှင်ဆင်းတဲ့အချိန်ဆို မိဘတွေလာ‌ကြို

အိမ်စာလည်း မလုပ်တော့ဘူး တစ်ညလုံးသတိရနေမှာမို့

Chorus

Chorus

Ab နင်ကမိုးကောင်းကင်ယံက လမင်းကြီး Fm ဆို

Db ငါက အိုင်ထဲက ဒီလရဲ့အရိပ်ကို ‎ Bbm မျှားမိတဲ့ လူ Eb လို

ရူးသွပ်နေ Ab လို့ စွဲလန်းနေလို့ အသင်္ချေတဲ့ ‎ Fm အလင်းတန်းများ ကွာခြားဦး

မိုင်တွေ ‎ Db အဝေးကြီး ဝေးပါစေဦး ‎ Bbm ငါပျံသန်းခဲ့ပါ့မယ် မင်း Eb လေးရှိရာ Ab ကို

Rap 3 [Round Chords as Intro]

မိဘ အသိုင်းအဝိုင်း ဂုဏ်ဒြပ်နဲ့ ငွေကြေးမလို

ငါတို့ချစ်နေရင်ပြီးတာပဲ မတွေးချင်ဘူး ရှေ့ရေးကို

အ‌နေဝေးလို့ သွေးအေးသွားနိုင်တယ် တစ်ယောက်တစ်ပြည်တစ်ရွာခြား

မင်းကိုပို့တော့မယ် အဲ့ဒီအတွေးနဲ့ ဆောက်တည်ရာမရ

စာသင်ခန်းထဲ မျက်ရည်ဖိတ်စင်ကျလာတယ် စာထဲလည်း စိတ်မဝင်စားပါကွယ်

သူ့တက်လမ်းဖြစ်နေတော့လည်း ဘယ်လိုလုပ်ပိတ်ပင်ရမှာလဲ

သိပ်မထင်မရှားဘဝနဲ့ မနေချင်လို့တဲ့ ဝေဟင်ဆန်ပြီး

ခရီးကိုထွက်ခွာသွားတယ် ချစ်သူ လေယာဥ်ပျံကြီးစီးလို့

ဆယ်တန်းဖြေတဲ့ည စာလည်းမကျက်နိုင်ပါ ရှယ်လွမ်းနေ

တကယ်တမ်းဝေးရပြီဆိုတဲ့ အသိကြောင့် ငါ့ရင်ဘက်ပဲ တစ်ခြမ်းသေ

သူပြုသမျှပေးခဲ့ဖူးတဲ့ စက္ကူကြယ်ပန်းတွေ အခန်းပြန့်ကျဲ

မခံစားနိုင်သေးပါဘူးကွာ အလွမ်းရဲ့ဒဏ်လည်း

Chorus

Chorus

Ab နင်ကမိုးကောင်းကင်ယံက လမင်းကြီး Fm ဆို

Db ငါက အိုင်ထဲက ဒီလရဲ့အရိပ်ကို ‎ Bbm မျှားမိတဲ့ လူ Eb လို

ရူးသွပ်နေ Ab လို့ စွဲလန်းနေလို့ အသင်္ချေတဲ့ ‎ Fm အလင်းတန်းများ ကွာခြားဦး

မိုင်တွေ Db အဝေးကြီး ဝေးပါစေ Bbm ဦး - Eb

Music

| Ab ___ | Fm ___ | Db ___ | Bbm _ Eb _ |

Chorus

Chorus

Ab နင်ကမိုးကောင်းကင်ယံက လမင်းကြီး Fm ဆို

Db ငါက အိုင်ထဲက ဒီလရဲ့အရိပ်ကို ‎ Bbm မျှားမိတဲ့ လူ Eb လို

ရူးသွပ်နေ Ab လို့ စွဲလန်းနေလို့ အသင်္ချေတဲ့ ‎ Fm အလင်းတန်းများ ကွာခြားဦး

မိုင်တွေ Db အဝေးကြီး ဝေးပါစေဦး ‎ Bbm ငါပျံသန်းခဲ့ပါ့မယ် မင်း Eb လေးရှိရာ Ab ကို

Ending

| Ab ___ | Fm ___ | Db ___ | Bbm _ Eb _ |

‎

\ FINE \

More from G Fatt