နှင်းဆီဝေ
Nhin Si Way
Bo Phyu Key: C
6 chords in this song
Intro
(F F Dm Dm) x2
Verse 1
C ရင်မှာနာကျင်နေတယ် ဘယ်လိုပြောရမလဲ
Am အခြေအနေတွေကိုမလွန်ခင် ဘယ်လိုတားဆီးမလဲ
F အကြိမ်ကြိမ်သာ မောပန်းဆဲ ဘယ်လိုမှ မလွတ်မြောက်ခဲ့
Dm ငါ့မှာစွဲလန်းခြင်းနဲ့ G ကူးခတ်နေဆဲ...
Verse 2
C မြင်သာထင်သာပါတယ် ဒီမျက်ဝန်းထဲ
Am အဖြူရောင်နယ်မြေအလွန်မှာ ဘာတွေရှိလိမ့်မလဲ
F မရေရာတဲ့ ငါ့ဘဝအတွက် နာကျင်စရာ ဆူးများနဲ့
Dm ဝိုင်းကာခြံရံနေသူ G အို မိန်းကလေးရယ်...
Chorus
C ငါလေအဝေးဆုံး အဝေးသို့သွားလိုက်ချင်တယ်
Em တလည်လည်စိတ်က မင်းအနားရောက်ရောက်နေတယ်
F ပန်းနှင်းဆီဖူးလေးရယ် ဆူးချက်တွေထက်ခဲ့တယ်
Dm ဒီလူ့ရင်မှာ G ဒဏ်ရာတွေသာဆက်ခဲ့တယ်
C ငါလေအဝေးဆုံး အဝေးသို့သွားလိုက်ချင်တယ်
Em ဘယ်လိုမေ့ဖျောက်လို့ မရနိုင်သေးလည်း
F ပန်းနှင်းဆီဖူးလေးရယ် ဆူးချက်တွေထက်ခဲ့တယ်
Dm ရင်ထဲမှာ G စီးဆင်းခဲ့တဲ့မျက်ရည်များနဲ့
C C ရှင်သန်နေမယ်...
Solo
Am Am Gm Gm C C (F F Am Am Gm Gm C C)
Repeat Verse 1, Verse 2, Chorus
Outro
(F F Dm Dm) x2
Source: myanmarlyrics