မဆိုင်သလိုဘဲ
Ma Sine Tha Lo Pae
Big Bag Key: Em
5 chords in this song
Verse 1
Em ရန်ကုန်မြို့ထဲ ဟိုတယ်ကြီးတွေမှာ Am မီးရောင်စုံလင်းလက်
ဒေါ်လာဆိုင်း(န်)တွေနဲ့ C ဈေးတွေချိတ်ထားတယ်
မမြင်ချင်ယောင်ဆောင်နေသူ B တစ်ယောက်ရှိတယ်
အဲဒါကျွန်တော်ပဲ
Verse 2
Em လူတွေကျပ်တဲ့ ဒီဘတ်(စ်)ကားပေါ်မှာ Am နေ့စဉ်ငါဆင်းတက်
ဘေးမှာဖြတ်ကာသွား C ကားရောင်များလင်းလက်
မမြင်ချင်ယောင်ဆောင်ရင် B ဝင်တိုက်လိမ့်မယ်
ဘေးကိုဖယ်သာဖယ်
Chorus
Em မဆိုင်သလိုဘဲ အားလုံးနဲ့ Am ကျုပ်နဲ့မဆိုင်သလိုဘဲ
C အကုန်လုံးနဲ့ ကျုပ်နဲ့ B ဝေးကာဝေးကာ စဉ်းစားငါဂြိုဟ်သားလား Em ပဲ
မဆိုင်သလိုဘဲ အကုန်လုံးနဲ့ ကျုပ်နဲ့ ဝေးကာဝေးကာ
နောက်မှတမံ လိုက်တော့မယ်
Solo
Em C D B Em Am D B Em
Verse 3
ရန်ကုန်မြို့ထဲ ပလက်ဖောင်းပေါ်မှာ ညဗျာများလမ်းထွက်
အပြိုင်အဆိုင် ဖုန်းတွေထုတ်ပြောတာ ငေးရတယ်
မမြင်ချင်ယောင်ဆောင်ကာဝင်တိုက်သွားတယ်
ဆောရီးပါ အစ်ကိုရယ်
Verse 4
ဝင်တင်ပွဲတွေ အသံသာကြားနိုင်တဲ့နားမှာ ငါရပ်တယ်
သီချင်းသံကြား မေ့ကာသွား ငါကတော့မယ်
မမြင်ချင်ယောင်ဆောင်ကာ ကျော်ကာသွားကြတယ်
ဘဝဟာဒါပဲ
Source: myanmarlyrics