ငါ့ရဲ့လက်ဖွဲ့
Nga Yae Let Phwae
4 chords in this song
တေးဆို - Adjustor x Phyo Lay x Mon Lay
Intro
| Bbm ___ | F# ___ | C# ___ | G# ___ |
Verse 1
ပြီးခဲ့တဲ့ Bbm Sunday ဟိုးကောင်ကင်ထက်ကို လွမ်းငေးရင်း
အ F# လွမ်းတေးတွေ သီဆိုရတာ အရမ်းပဲ ပျင်းလာလို့
မနက်က အ C# သစ်လာပို့တဲ့ သတင်းစာကို ဖွင့်ဖတ်လိုက်မိခြင်း
ရင်ဘတ်ထဲလှိုက်ဖို G# ထိချက်ပြင်းတဲ့ သတင်း အဲ့တာ
မင်းရဲ့စေ့စပ်တဲ့ သတင်း Bbm မင်းလုပ်ရက်လိုက်လေခြင်း
ခဏလေးအတွင်းနဲ့ အသည်းတွေ ကြွေအောင် F# ရင်ခုန်သံတွေ
မညီမညာ ဖြစ်တာတောင် ငါ့အချစ်တွေ အရောင်စိုနေ C# တုန်းပဲ
မင်းနဲ့ ပတ်သက်လာရင် အမှောင်တွေ ဘယ်လောက်ဖုံးလဲ
ရုန်းမ G# ထွက်ချင်ခဲ့တာ အစဉ်သာ နင်အုပ်စိုးထားတဲ့ ငါ့ကမ္ဘာထဲမှာ
Verse 2
Bbm အဖြူနဲ့ အစိမ်းဘဝ ဟိုးတုန်းက အချိန်တွေ F# တစ်ချက်သတိရ
အထက်စီးကျချင်တဲ့ ငယ်ရည်းစား C# တစ်ခုခုကြောင့်
မင်းအလိုမကျရင် ထပ်မငြီးရအောင် ဆက်ပြီး
G# ဖြည့်ဆည်းသမျှက ခုကျ ရင့်သီးမှုတွေ ဘယ်လိုဖြစ်လာတာ
Bbm မင်းစိတ်မပျက်နဲ့ တက်ရောက်မှာပါ F# မင်းဖိတ်ရက်တဲ့
ဒီအခမ်းအနားကို C# ရွှေရောင်အသည်းခြင်းထပ်တဲ့ တံဆိပ်
စာအုပ် G# ထိပ်လေးမှာ မင်းတို့နာမည်တွေ နှိပ်ပေးထား
Bbm မိတ်ဆက် ပေးလိုက်ပါကွာ တို့ကမင်းရဲ့ မိတ်ဆွေပါလို့
F# အိပ်မက်အတွေးတို့ မက်ခဲ့သမျှ ခဏလေးနဲ့ ပျက်ပြယ်ကာ
C# ဟိုးအဝေးကို ထွက်သွားကြချိန် ချစ်တတ်တဲ့ နှလုံးသားကို
G# လက်ဖွဲ့ အဲ့ဒီနေ့ကစ အမြစ်ပြတ်တဲ့ အမုန်းတရားတွေဘက်လှည့်
Chorus
Chorus
ခန်းမ Bbm ကြီးထဲ လူတွေ စည်သွားပြီ F# ဂါဝန်ဖားဖားကြီးနဲ့
အရာရာသားနားပြီး C# သိပ်လှတဲ့ နတ်သမီး အပြုံးတွေ
စီခြယ် G# ထားတော့ တဖက်သတ်ကြီး ကွက်လပ်တွေ
Bbm အဖြစ်နဲ့ ဖြေသာအောင် နေကြည့်ရင်း F# အချစ်မရှိတဲ့
နေ့သစ်တွေဖြတ်ခဲ့ C# အသက်မဲ့တဲ့ မနက်ဖြန်တွေဆက်ခဲ့
ကွဲအက်တဲ့ အသည်း G# တစ်ခြမ်းကို လက်ဖွဲ့ ဒဏ်ချက်တို့ ပြည့်နက်ဆဲ
Rap
Bbm အနက်ရောင် ဝတ်စုံအပြည့်နဲ့ ထိုမင်္ဂလာခန်းမထဲ
F# ဟိုယခင်က နမ်းမဝတဲ့ လိုချင်စရာ နှုတ်ခမ်းကလည်း
C# ပန်းအလှကြဲ ကလေးများ နောက်၌ ဘဲတပွေနဲ့ လက်ချင်းချိတ်
G# ထိုမြင်ကွင်း မမြင်ချင်တဲ့ အဆုံး မျက်စိတွေ ချက်ချင်းမှိတ်
Bbm လက်ငင်း စိတ်မှာဆိုး တချက်ချင်း တက်နင်း ကြိတ်ကာ ထိုးချင်လည်း
F# ခေါင်းကြီးပဲ ပေးလိုက်တယ် သတိုးသားကြီးနဲ့ ဖက်ရင်းအိပ်ကာ ဝိုး
C# တိုင်ပင်ကာ ထားလည်း မနိုင်ဝန်ငါ ပြိုင်ချင်စရာ ကြားထဲ
G# စားဖူးသွားပြီ အဆန်းကြီး မင်းတို့ကျွေးတဲ့ Ice cream က ခါးတယ်
Bbm ဂါဝန်လေးနဲ့ လှတယ်ကွာ ငါမြင်တွေ့ခဲ့ ခဏပဲ
F# နာကျင်တို့ အသည်း နှလုံးသား မလာခင် စာအရင် ရေးခဲ့တာလဲ
C# ပါကင်လေးထဲမှာထည့် ငါတမင် ကမ္ဘာအပြင် ဝေးခဲ့တာပဲ
G# အငြိုးမီးများထိုးပြီး ငါခိုးကြည့်မှာ သတို့သမီးအား
Bbm တမျိုးကြီးပါ နှလုံးသားလေးလဲ ကွဲကြေ slowly slowly ပါ
F# အရက်ကုန်တော့ရိုက် ဘေဘုတ်ပေါ်က သတ်ပုံက ထပ်မဆုံသော
အ C# ခိုက်မှာ အရက်ကိုတော့ တိုက်ဦးလေ အသက်ကုန်တော့ မိုက်တုန်းပဲ
G# နင်ပျော်နေတဲ့ $ခွက်ကြီးနဲ့ ဓာတ်ပုံ တွဲရိုက်ဦးမယ်
Chorus
Chorus
ခန်းမ Bbm ကြီးထဲ လူတွေ စည်သွားပြီ F# ဂါဝန် ဖားဖားကြီးနဲ့ အရာရာ သားနားပြီး
C# သိပ်လှတဲ့ နတ်သမီး အပြုံးတွေ စီခြယ် G# ထားတော့ တဖက်သတ်ကြီး
ကွက်လပ်တွေ Bbm အဖြစ်နဲ့ ဖြေသာအောင် နေကြည့်ရင်း
F# အချစ်မရှိတဲ့ နေ့သစ်တွေ ဖြတ်ခဲ့ C# အသက်မဲ့တဲ့ မနက်ဖြန်တွေဆက်ခဲ့
ကွဲအက်တဲ့ အသည်း G# တစ်ခြမ်းကို လက်ဖွဲ့ ဒဏ်ချက်တို့ ပြည့်နက်ဆဲ
Rap
Bbm နင်လာခဲ့ဖူးတဲ့ ငါ့ရဲ့အရိပ် အာဝါသ F# ဘာတွေထူး အတိတ်ဟာ
သာဓကနဲ့ ရှိခဲ့တဲ့ကိစ္စ ခွာခြား C# ငါ ကြာလေရူး ကြိတ်ခါခါ သွားမယ်
နင်က ကာမေ G# သုမိစ္ဆာစာရပဲ အရူးလိုစိတ်မှာ နာသွားတယ်
Bbm ဝေဟင်တောင် ပျံသွားမှဘဲ ငါမဟုတ်တဲ့ တခြားကောင်နဲ့
F# နင်အိမ်ထောင် ရပ်သားကျခဲ့ ရေချိန်တောင် တက်သွားရတယ်
C# အရက်ဆိုင်မှာ ငါခွေနေ ဖောင်ဖျက်ဓားဘဝ ဟုတ်တယ်
G# နင့်အကောင်က ရွှေအိမ် ငါဆိုတာက အထပ်အသားစပဲ
Bbm ဘယ်အရာမှ အလကားမရလို့ ရှေ့ဆက်ဖို့ မနက်များစလို့
F# လက်များပြလို့ တဖက်ခြားသွားဖို့ မထင်ပါ အခုမှ အဝေးပျံပြီး
C# ပုလ္လင်မှာ တယုတယ သင်းပျံ့နေလည်း ရင်မှာ သမုဒယ အဆွေးဒဏ် ခြွေလိုက်ပြီ
G# ကျိန်စာဆူးသွား ငါဘေးရန်တွေလည်း မင်္ဂလာဦးညမှာ သွေးအန်သေ
Bbm ငါအသုံးမကျ လစ်ဟင်းလာတော့ ငါ့ရဲ့ နှလုံးသား
F# အဆစ်ကလေးမှာ နင်အမုန်းများ ပစ်ခွင်းကာဆော့
C# အသည်းကို တစ်ရစ်ခြင်းခွာ အဲ့နွံထဲမှာ နစ်ရင်းငါပျော်
G# ဒါငါ့ရဲ့လက်ဖွဲ့ အရူံးသမား အချစ်သီချင်းပါနော်
Chorus
Chorus
ခန်းမ Bbm ကြီးထဲ လူတွေ စည်သွားပြီ F# ဂါဝန် ဖားဖားကြီးနဲ့ အရာရာ သားနားပြီး
C# သိပ်လှတဲ့ နတ်သမီး အပြုံးတွေ စီခြယ် G# ထားတော့ တဖက်သတ်ကြီး
ကွက်လပ်တွေ Bbm အဖြစ်နဲ့ ဖြေသာအောင် နေကြည့်ရင်း
F# အချစ်မရှိတဲ့ နေ့သစ်တွေ ဖြတ်ခဲ့ C# အသက်မဲ့တဲ့ မနက်ဖြန်တွေဆက်ခဲ့
ကွဲအက်တဲ့ အသည်း G# တစ်ခြမ်းကို လက်ဖွဲ့ ဒဏ်ချက်တို့ ပြည့်နက်ဆဲ
Rap
Bbm ရင်ထဲဆို့နှင့်ဆဲ အခုဘဝင် အ F# သည်းတို့လည်း ပူဆဲ ငါလည်းလူပဲ
ခံ C# စားချက်ခြင်း တူတယ် နင်ယူတဲ့လူနဲ့ အတူ G# တွဲလို့ ချစ်သက်တမ်းတွေ
ကြာပါစေ ငါပေးတဲ့ဆုပဲ Bbm ငါ့ကိုကြိုတင် ကြံစည်ကာသွား အဆက်ဖြတ်ခဲ့
ရန်ဖီ F# ရှာသလား သက်သက်မဲ့ ရက်စက်တယ် ပက်ပက်နဲ့
C# ရွှေချမယ် မှန်စီ ကာထား ရက်မြတ်ဝယ် ငါအရောက် G# လာခဲ့ပါမယ်
နင်ရဲ့ ရှန်ခရီယာမ လက်ထက် Bbm ပွဲ
Ending
| Bbm ___ | F# ___ | C# ___ | G# ___ |